💔23💔 { U }

1.6K 166 4
                                    

#သောက်ကျိုးနည်း ဖောက်ပြန်မှုကြီး

- မင်းကြီး လိန်မုန့် တွေ့ခွင့်တောင်းနေပါတယ်။

အထိန်းတော်ကြီး ရဲ့ စကားကြောင့် လန်မင်းကြီး မျက်ခုံးပင့်သွားသည်။ လိန်မုန့် က သူ့အနားမှာ အရိပ်လို ရှိနေသူမလား။ ဘာလို့ တွေ့ခွင့်တောင်းပါလိမ့်

ဟိုက်ခွမ်း - ၀င်လာခိုင်းလိုက်။

ခွင့်ပြုသံအဆုံး အဆောင်ထဲ ၀င်လာသော တစ်ကိုယ်လုံး အနက်ရောင်ချည်း ၀တ်ထားသော လိန်မုန့်!

- မင်းကြီးကို ဂါရ၀ပြုပါတယ်။

ဟိုက်ခွမ်း -ထပါ။ လိန်မုန့် ကိုယ်တော်ကို ဘာလို့ တွေ့ချင်တာလဲ။

* အရှင့်ကို လွမ်းလို့ *

- ဟို မင်းကြီး မွေးနေ့ အတွက် ဘာများလုပ်ဆောင်ပေးရအုံးမလဲ လို့ပါ

ဟိုက်ခွမ်း - မွေးနေ့ ဟုတ်သား ကိုယ်တော့်မွေးနေ့ ရောက်တော့မှာ။ အဲ့နေ့ စည်းကမ်းတင်းကျပ်ထားပါ လိန်မုန့်၊ တခြား တိုင်းပြည်က ဧည့်သည်တွေရော လာမှာဆိုတော့ ဘာပြဿနာမှ မဖြစ်စေနဲ့

- အမိန့်တိုင်းပါ မင်းကြီး

ဟိုက်ခွမ်း - တခြား ကိစ္စမရှိတော့ရင် သွားလို့ ရပြီ

- ဟုတ်ကဲ့။ ဒါဆို ခွင့်ပြုပါအုံး။

လိန်မုန့် အဆောင်တော်ထဲမှ ထွက်သွားတော့

ရှီးချန် - မွေးနေ့ပွဲ! မွေးနေ့ပွဲ မှာ ကွေ့ဖေး အဆိပ်သောက်မှာ မလား။  ကျစ်! ဘာလို့ ငါ အဲ့လောက်ထိ ရက်စက်ရတာပါလိမ့်။ ဒီလောက် ချောတဲ့ ကွေ့ဖေး ကိုကွာ

ရှီးချန် မချိကဲတင်လေး ရွတ်ဆိုလိုက်မိသည်။ သူ သူရဲ့ဇာတ်ကောင်တွေကို အရမ်းကို ရက်စက်ခဲ့တာပဲ။
💔💔💔💔💔💔💔💔💔💔
- လိန်မုန့်

- စစ်သေနာပတိချုပ်

*Host အဲ့တာ Host ရဲ့ အသက်သခင်ကျေးဇူးရှင်*

*ငါ သိတယ်။ အဲ့ဘိုးတော် လက်ထဲ ငါ့အသက်ရှိတယ်။ နေအုံး ကွေ့ဖေး ကို လုပ်ကြံခိုင်းတာ အဲ့ဘိုးတော်လား*

*မဟုတ်ဘူး။ သူက အာဏာ ကိုပဲ လိုချင်တာ။*

*အော်*

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now