💔16💔 { U }

1.7K 174 14
                                    

#ရင်ခုန်သံ / အရှင့် ကို ချစ်တယ်

ကွေ့ဖေး အဆောင်တော်ထဲမှာ အရမ်းပျင်းနေသည်။ အခုဆို သူ့ကိုယ်၀န်က ၄ လကျော် ၅လထဲ ရောက်နေပြီ၊

အကုန်အဆင်ပြေပေမယ့် တစ်ခုပါပဲ လန်မင်းကြီး က ကွေ့ဖေး ကို လာမတွေ့တော့ပေ၊ ဒါကလည်း ကွေ့ဖေး သူ့ကို တွေ့ရင် စိတ်အဆင်ပြေမှာ မဟုတ်တာကို သိနေလို့

ကွေ့ဖေး အိပ်သွားတဲ့ အချိန်တွေ ဆိုရင်တော့ မင်းကြီးက ကွေ့ဖေး ကို လာတွေ့လေသည်။ ကွေ့ဖေး မေးရင် မင်းကြီး အလုပ်တွေ အရမ်းများနေတယ်လို့ ဖြေရတာ အမော!

ကွေ့ဖေး က မမှတ်မိတော့တာလား။ ဘာလား မသိ၊ မင်းကြီး ကို ကွေ့ဖေး ဓားနဲ့ ထိုးလိုက်တာကို ကွေ့ဖေး က လုံး၀ မသိချေ!!

ကျိုးချန် - ကျွတ် ကျွတ် ကျွတ်

- ကွေ့ဖေး ဘာဖြစ်လို့ပါလဲ။

ကျိုးချန် - ခါးနာလို့

ဟုတ်တာပေါ့ ကိုယ်၀န်ကြီးနဲ့ ဆိုတော့ ကွေ့ဖေး ခါးနာတာပေါ့။ အခုမှ ကိုယ်၀န် က ၄လကျော် ၅လထဲ ပဲ ရှိသေး ၇ လ၊ ၈ လ ၉ လဆို ဒီထက်ပိုဆိုးအုံးမည်။

ကျိုးချန် - ရီချန်း ဒီနေ့ ဘယ်နှစ်ရက်လဲ။

- ၂ လပိုင်း ၁၄ ရက်နေ့ပါ ကွေ့ဖေး

ကျိုးချန် - ၂ လပိုင်း ၁၄ ရက်နေ့! ဒါဆို ချစ်သူများနေ့ပေါ့!!

- အမ်! ဘာနေ့ ကွေ့ဖေး

ကျိုးချန် - အဟမ်း ရီချန်း ကိုယ်တော် ချောကလက် စားချင်တယ်။

- ချော..အဲ့တာ ဘာကြီးလဲ ကွေ့ဖေး

ကောင်းတယ် ကောင်းတယ်။ ဒီဘက်ခေတ် လူတွေက ချောကလက်ဆိုတဲ့ အရာကြီးမှ မသိတာ။ ဟူး လွမ်းတာကွာ။ ဒီအချိန်ဆို ငါရဲ့ စားပွဲခုံပေါ်မှာ ခေကလက်ဗူးတွေ ရောက်နေလောက်ပြီ။ ငါမရှိတော့ ဟို အငတ်တွေ စားကြတော့မှာ၊ အား ငါ ချောကလက်တွေ!

သူအရမ်းကို ချောကလက် စားချင်နေသည်။ ၂ လပိုင်း ၁၄ ရက်နေ့မှာ ချောကလက်မစားရရင် သူသေသွားလိမ့်မည်။

ထိုင်နေရာမှ ထကာ အဆောင်အပြင်ဘက် ထွက်လာတော့

- ကွေ့ဖေး ဘယ်သွားမလို့ပါလဲ။

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now