💔24💔 { U }

1.6K 141 12
                                    

#ထီးနန်းသိမ်းခြင်း/ ပုန်ကန်မှု စပြီ

- လိန်မုန့် မင်းကြီးခြေလှမ်းတွေကို အမြဲစောင့်ကြည့်ထားပါ။

- ဟုတ်ကဲ့

စစ်သေနာပတိချုပ်ကို နှုတ်ဆက်ပြီး မင်းကြီးအဆောင်တော်ဘက်ထွက်လာလိုက်သည်။ မင်းကြီးအဆောင်ရောက်တော့

- မင်းကြီး

ရှီးချန် - ဟမ် အားချန် လာပြီလား။ လာထိုင်

ရှီးချန်{ဟိုက်ခွမ်း}သူထိုင်နေရာမှ ထကာ ကျန်းချန် {လိန်မုန့်} လက်ကို ဆွဲပြီး ထိုင်ခိုင်းလိုက်သည်။

ကျန်းချန် - ကျွန်တော်ပြောမယ်။ သူတို့ ထီးနန်းသိမ်းဖို့ လုပ်နေကြပြီ။ တံဆိပ်တုံးကို စုန့်မင်းကြီးထဲ ပေးလိုက်ပြီလား။

ရှီးချန် - ပေးလိုက်ပြီ။ ထီနန်းလွှဲစာရော အကုန်

ကျန်းချန် - အင်း ကွေ့ဖေး ကိုရော ဘယ်တော့ပို့၊ မဟုတ်သေးဘူး။ ကွေ့ဖေး ကို နန်းလုတဲ့နေ့ကြမှ ထွက်ပြေးခိုင်းရမှာ။

ရှီးချန် - အင်း သူချစ်ရတဲ့ သူတွေ တစ်ယောက်မှကို မသေစေချင်ဘူး။ အခု ဇာတ်လမ်းကို ပြောင်းပြန်လှန်လိုက်တော့မယ်။ ကွေ့ဖေးလည်း အသက်ရှင် လန်မင်းကြီးလည်း အသက်ရှင်။ မိသားစု ပျော်ပျော်ပါးပါး ပေါင်းဖက်အောင် လုပ်ရမယ်။

ကျန်းချန် - နတ်ဆရာမကြီး အဟော ကိုရော ဘယ်လို လုပ်မလဲ။

ရှီးချန် - ရော် စာရေးသူကိုယ်တိုင် Novel ထဲရောက်နေတာကို နတ်ဆရာမက ဘာအရေးတုန်း။

ကျန်းချန် - အင်း ဟုတ်သားပဲ။ အရင်က ပူပေါင်းကြံစည်မှုထဲ မိဖုရားခေါင်တို့ ပါတယ်နော်။ ဒီတစ်ခေါက် သူတို့က ဘုရားကျောင်းမှာမို့ ဘာမှ မလုပ်နိုင်ကြဘူး။ ဟား ဟား

ကျန်းချန် - ကောင်းတယ် သူတို့ရှိရင် ကွေ့ဖေး ကို ကိုယ်၀န်ပျက်ကျအောင် ကြံစည်ကြမှာ။ အဲ့တုန်းက တော်သေးတယ် မိဖုရားခေါင် သောက်မဲ့ ခွက်ချင်း လဲလိုက်လို့

ရှီးချန် - ခွက်ချင်းလဲ ဘာတွေပြောနေတာလဲ အားချန်

ကျန်းချန် - အဟမ်း တကယ်တော့လေ ဒါ Novel ထဲကို ဒုတိယအကြိမ် ပြန်ရောက်လာတာ။ ပထမတစ်ကြိမ် က ကွေ့ဖေး ကိုယ်ထဲ ၀င်ပြီး ကွေ့ဖေး ကို ကယ်ခဲ့ရတာ။

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now