💔25💔 { U }

1.8K 164 1
                                    

#ကိုယ့်ချစ်သူ မဟုတ်သေးဘူး ကိုယ် မင်းကို ချစ်တယ် ကိုယ့် လက်ကို တွဲနိုင်မလား ၀မ်ရင်

အခုဆို လိန်မုန့် ထောင်ထဲမှာနေနေရတာ ၂ပတ် ရှိပြီ။ ၂ပတ်လုံး အရှင် လည်း လာမတွေ့သလို ဘယ်သူမှ လာမတွေ့ကြဘူး။

မည်းမှောင်နေသော ဒီအခန်းမှာ နေရတာ အရမ်းကို အထီးကျန်လွန်းသည်။

ကျန်းချန် - ရှောင်လီ

- ပြောပါ Host *

ကျန်းချန် - ငါ ဘယ်တော့မှ ဒီဘ၀က လွတ်မှာလဲ။ ငါ ဒီထဲမှာ မနေချင်တော့ဘူး။ ငါ ငါ အိမ်ကို လွမ်းတယ် အီးဟီး

ငိုလာပြီ ဖြစ်သော Host ကြောင့် ရှောင်လီ လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပေ။

- မကြာခင် လွတ်တော့မှာပါ။

ကျန်းချန် - ငါ ပါးနဲ့ မားကို တအား သတိရတယ်။ ကျဲ ကိုရောပဲ။ အိမ်ပြန်ချင်တယ် အီးဟီး... အင့်

- ကွေ့ဖေး ကြွရောက်လာပါတယ်။

အပြင်က ရဲမက်လေးရဲ့ အသံကြောင့် ပါးပြင်ပေါ်က မျက်ရည်စတွေကို သုတ်လိုက်ပြီး ထိုင်နေရာမှ ထကာ  အပြင်ဘက်မှာ ရပ်နေသော ကွေ့ဖေး ကို မမှိတ်မသုန် စိုက်ကြည့်နေမိသည်။

ကျိုးချန် - အတင့်ရဲလိုက်တာ ငါကိုယ်တော် ကို တွေ့တာတောင် ဒူးမထောက်ပါလား။

- အာ! တောင်းပန်ပါတယ်။ ကွေ့ဖေး ကို ကျွန်တော်မျိုး ဂါရ၀ပြု ပါတယ်။

ကျိုးချန် - တံခါးဖွင့်လိုက်

- ဟုတ်ကဲ့

တံခါးမှာ ချိတ်ထားသော သံကြိုးကို ဖြုတ်ကာ တံခါးဖွင့်ပေးလိုက်တာနဲ့ ကွေ့ဖေး ဟာ အချုပ်ခန်းအတွင်း ၀င်သွားလေသည်။

ကျိုးချန် - မင်း ကိုယ်တော့်ကို ပြောစရာများ ရှိနေမလား။

- ကျွန်တော်မျိုး

ကျိုးချန် - ကိုယ်တော့် အစ်မတော်ကို ဘာလို့ မင်းကြီး က သတ်ခိုင်းတာလဲ။

- ဗျာ!!

* ရှောင်လီ ဘယ်အစ်မတော်လဲ။ ဟျောင့် ရှောင်လီ*

* ၁၄ ယောက်မြောက် မင်းသမီး။ ကွေ့ဖေးကို တော်ကောက်တုန်းက သေသွားတာ*

အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း / အပယ်ခံကြင်ယာတော် အား ကယ်တင်ခြင်း { U / Z }Where stories live. Discover now