Cover Concepts
2.7K 160 14
Unicode:
Cover လေးရဲ့ ပတ်သက်တဲ့ အဓိပ္ပါယ်လေးတွေကို Ony ပြောပြပါရစေ။ (ကျေးဇူးပြုပြီး အရင်ဆုံး ဖုန်းကို အလင်းတင်ပေးကြပါ Reader.shii တို့။)
ပထမဦးစွာ အချစ်တို့ဖြင့် အတိပြီးသော Book Cover အကုန်လုံးကို စိတ်ရောကိုယ်ရော အသည်းနှလုံးပါနှစ်ပြီး ပုံဖော်ပေးခဲ့တဲ့  Designer : shush! ကို တကယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။ သျှန်နောင်ကို ချစ်တဲ့စိတ် မြတ်နိုးတဲ့စိတ်တစ်ခုတည်းနဲ့ Ony နဲ့ နှစ်နှစ်ကျော်ကာလတစ်ခုကို အတူဖြတ်သန်းလာခဲ့သူမို့ Ony အသည်းထဲနှလုံးထဲမှာ အထင်ကရတစ်ဦးအဖြစ်မှတ်တမ်းတင်ထားပါတယ် ညီမရေ။ ဒီ Main Book ရဲ့ Concept နဲ့ Detail တွေအားလုံးကို အဓိပ္ပါယ်ပြည့်ဝစွာနဲ့  ဒီညီမလေးကပဲ အ​သေးစိတ် ပုံဖော်ခဲ့တာပါ။
အခုတော့ Ony က ဒီ cover မှာ ရှိတဲ့ အရောင်တွေက အစ ပါသမျှ Details တွေနဲ့ အဓိက Concept ၂ခု ရှိပြီး ရှင်းပြပါရစေ။
အခုတော့ Ony က ဒီ cover မှာ ရှိတဲ့ အရောင်တွေက အစ ပါသမျှ Details တွေနဲ့ အဓိက Concept ၂ခု ရှိပြီး ရှင်းပြပါရစေ။
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
~Heart Concept~♡
MC သျှန်နောင်ဆိုတာ နင်းချေချထားသလို ကြေမွစုတ်ပြတ်နေတဲ့ အတိတ်ကြမ်းကြမ်းကို ကျောပိုး၊ အဘက်ဘက်က ထိုးနှက်ရိုက်ခတ်လာတဲ့ တဖက်စောင်းနင်းအမြင်ဆိုးတွေကို လှစ်လျူရှုပြီး ခရီးဆိုးကြီးကို တကိုယ်တည်း လျှောက်လာခဲ့သူတစ်ယောက်။ ကြမ်းတမ်းလွန်းတဲ့ ဘဝလမ်းမှာ လဲကျလိုက်ပြန်ထလိုက်နဲ့ ခရီးနှင်ခဲ့ရသူ။ အဲဒီလိုနဲ့ တနေ့မှာ သျှားအိမ်ဆိုတဲ့ လူကြီးမင်းလေးနဲ့ ဆုံတွေ့ပြီး အနာဂတ်ရဲ့ဘဝလမ်းကို အတူလျှောက်ကြမယ့် ခရီးသွားဖော်ဖြစ်လာလေရဲ့။ ဒီအမျိုးသားကပဲ အနှုတ်လက္ခဏာတွေ ပြည့်နှက်နေတဲ့ သူ့နှလုံးသားကို ရွှေလို တောက်ပစေပြီး ပျော်ရွှင်စရာကောင်းတဲ့ အဖိုးတန်နေ့ရက်တွေကို ဖန်တီးပေးတာလေ။ ဒါကြောင့် Main Book ရဲ့ Colour Themes အတွက် အနက်ရောင်နဲ့ ရွှေရောင်ကို သုံးပါတယ်။ အနက်ရောင်တွေ ခြုံလွှမ်းထားတဲ့ အသည်းပုံလေးက ယက္ခတစ်ဖြစ်လဲ သျှန်နောင်ရဲ့ နှလုံးသားကို ကိုယ်စားပြုပါတယ်။
ဒီတော့ ဒီနှလုံးသားထဲက ရှိရှိသမျှ အသေးစိတ်တိုင်းဟာ ရင်ခုန်တိုင်းသံတိုင်းကို ပိုင်စိုးပါတဲ့ အရှင်သခင်လေး သျှားအိမ်နဲ့ပဲသက်ဆိုင်တယ်ဆိုတာ အလိုလိုသိကြမယ်ထင်ပါရဲ့။ အသည်းပုံထဲက ဟိုတစ်စဒီတစ်စ တွေ့နေရတဲ့ ကော်ဖီစေ့လေးတွေဟာ Coffee Break ပိုင်ရှင် Mr. သျှားအိမ်က Love spell ဖော်ရာမှာသုံးတဲ့ ပါဝင်ပစ္စည်းလေးတွေပါ။ ဒါကြောင့် သျှန်နောင်ခမျာ တစ်သက်လုံး ကော်ဖီဆိုရင် သျှားအိမ်ဖျော်တာမှပဲ သောက်တတ်ရှာပါတယ်။ နောက်ပြီး အသည်းထဲမှာရှိတဲ့ ကော်ဖီခွက်လေးဟာ သျှားအိမ်ရဲ့ မေတ္တာတွေပြည့်နေတဲ့ လက်ရာတစ်ခုကို ရည်ညွှန်းသလို 8:30 ဆိုတာကတော့ မနက် ၈ နာရီခွဲရင် ထပြေးတတ်တဲ့ Mr. Cinderella လေးကို ရည်ညွှန်းပါကြောင်း။
ဒါ့အပြင် နှလုံးဗဟိုမှာ ကျကျနနကြီး နေရာယူထားတဲ့ နှင်းဆီပွင့်ဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် သျှားအိမ်ကို ညွှန်းဆိုပါတယ်။ သို့ပေမယ့် ဒီလိုအဆော့သန်လှတဲ့ ရွှေမင်းသားလေးဟာဆိုရင်ဖြင့် မတော်တဆဆိုသလို လူဆိုးမင်းလေးရဲ့ မြတ်နိုးစရာကောင်းတဲ့ဂုဏ်အင်ကြောင့် ဖြစ်တည်လာတဲ့ ချစ်ခြင်းမေတ္တာအောက်မှာ ရွှေတွေ အရည်ပျော်သလို ပျော်ကျသွားပါလေရော။ ဒီတော့ ဒီလိုအရည်ပျော်ရရှာတဲ့ ချစ်သူလေးကို အချစ်တွေအထပ်ထပ်နဲ့ ချုပ်သိမ်းဖို့အတွက် လူဆိုးမင်းလေး သျှန်နောင်မှာ အသည်းခပ်ကြီးကြီးရှိရပြီလေ။
ဒါကြောင့် အနေရိုးတဲ့ လူဆိုးမင်းလေးက သူနဲ့နှလုံးသားချင်းထပ်တူညီတဲ့ ကော်ဖီဆိုင်ရှင်လေးကို မြတ်နိုးသမျှ ကမ်းပါးပြိုနေတာကို ပြဖို့အတွက် ချစ်တတ်သူတိုင်း သိနိုင်တဲ့ သင်္ကေတအဖြစ် အသည်းပုံလေးကို သုံးထားပါကြောင်း။