Chapter 42
43.5K 3K 162
>>>>>Unicode<<<<<
ဒီမနက်ကတော့ မနေ့ကလို မဟုတ်။ ကျက်သရေအဖြာဖြာနှင့် ပြည့်စုံသော မနက်ခင်းဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် သူမျက်လုံးဖွင့်ဖွင့်ခြင်း ပုံဆိုးပန်းဆိုးဖြင့် အိပ်ပျော်နေသော ချစ်သူ၏ မျက်နှာကို မြင်ရသောကြောင့်ဖြစ်သည်။ အိပ်နေလိုက်တာများ ပါးစပ်ကြီးဟလို့။ ဒီကြားထဲ မြွေတစ်ကောင်ကဲ့သို့ တရှုးရှုးအသံပေးကာ အိပ်မောကျနေသေးသည်။ အချိန်ကြည့်တော့ မနက် ၆ နာရီခွဲ။ အင်းပေါ့လေ။ မနေ့ညက ၂ နာရီထိုးမှ ပြန်ရောက်သည်ဖြစ်ရာ ဒီအချိန်သည် သျှန်နောင်အတွက် အိပ်ကောင်းဆဲအချိန်မဟုတ်လား။
သူအိပ်ရာပေါ်မှဆင်းရန်ပြင်လိုက်လျှင် အင့်ခနဲအသံနှင့်အတူ အနည်းငယ် လွန့်လူးလာသဖြင့် သျှန်နောင်၏ နားသယ်စရှိဆံနွယ်လေးများကို ပွတ်သပ်ကာ တိုးညှင်းသော လေသံဖြင့်...
"ရှုး...ရှုး.... နိုးသွားလား။ sorry... ပြန်အိပ်ဦးနော်။ စောသေးတယ်။"
သျှန်နောင်က မျက်လုံးမဖွင့်သော်ငြား ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ တစ်အိအိအသံပြုကာ သူ့ရင်ခွင်ထဲခေါင်းတိုးကာ ပြန်၍အိပ်မောကျနေသည်။ သျှားအိမ်မှာ ချစ်သူ၏ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော မျက်နှာကို ကြည့်ကာ ကြည်နူးစွာပြုံးလိုက်မိပါသည်။ ဒီလူကြီးဟာ စုန်းထီးလေးလားမသိ။ ကြည့်လေကြည့်လေ ချစ်မိလေဖြစ်အောင် ဒီကောင်ကို ပြုစားထားပုံရသည်။ သူ့မှာ ဒီလူကြီး၏ မျက်နှာကို တစိမ့်စိမ့်ကြည့်ကာ ချစ်စိတ်တွေ တိုးပြီးရင်းတိုးရင်းဖြင့် အချစ်ဝင်္ကပါထဲတွင် ချာချာလည်နေတော့သည်။ တစ်သက်နှင့်တကိုယ် ယောက်ျားတစ်ယောက်ကို ဤသို့ ချစ်ခင်စုံမက်မိလိမ့်မည်ဟု ထင်မထားမိ။ ကြည့်ရသည်မှာ လူတွေ ပြောပြောနေသည့် ဖူးစာဆိုတာ ဒါပဲဖြစ်မည်ထင်သည်။
"အင်... မောင်?"
သူမည်မျှ အတွေးလွန်နေသည်မသိ။ ရင်ခွင်ထဲမှ ချစ်သူက အိပ်ချင်စုံမွှားဖြင့် ခေါ်လိုက်တော့မှ သတိဝင်လာတော့သည်။
"နိုးပြီလား Baby...."
ညှင်သာလှသော အသံသြသြနှင့်အတူ နှုတ်ခမ်းပေါ်သို့ ကျရောက်လာသော ချိုမြန်လှသည့် နှုတ်ခွန်းဆက်အနမ်းကြောင့် သျှန်နောင် ပြုံးလိုက်တော့သည်။