Extra 3
39.8K 2.7K 329
>>>>>Unicode<<<<<
ပါးပေါ်သို့ ကျရောက်လာသော နေရောင်ခြည် နွေးနွေးကြောင့် သျှားအိမ်မှာ လွန့်လူးမှုတရပ်နှင့် နိုးထလာတော့သည်။ မျက်လုံးဖွင့်ဖွင့်ခြင်း မြင်လိုက်ရသည့် ပုံဆိုးပန်းဆိုး မျက်နှာကြောင့် မျက်လုံးများပင် ကျယ်သွားရသည်။ ပါးစပ်ကြီးဖွင့်ကာ အိပ်နေသော ချစ်ရသူ၏ မျက်နှာကို ကြည့်ကာ ပြုံးလိုက်မိသည်။ အိပ်နေလိုက်တာများ နှစ်နှစ်ခြိုက်ခြိုက်ကြီး။ အဝတ်အစားလည်း မပါ။ ဒီတော့ ချစ်ရသူ၏ ပုံပန်းဆိုးရွားလှသည့် အိပ်နေပုံကိုကြည့်ကာ သျှားအိမ်၏ မနက်ခင်းသည် တော်တော်ကြီး လန်းဆန်းနေတော့သည်။
ဒီလူကြီးဟာ တော်တော်ဆုတောင်းကောင်းသည်နှင့်တူ၏။ ယခုဆိုလျှင် အသက်လေးဆယ်နားကပ်နေတာတောင် နုတုန်းငယ်တုန်း ချောတုန်းလှတုန်း။ ယောက်ျား၊မိန်းမမရွေး လည်ပြန်အောင် ငေးတာကို ခံရတုန်း။ အဲ့ဒီ့ ငေးတဲ့လူတွေတာ ဒီပုံကို မြင်လျှင် ဘယ်လိုများနေမယ် မသိ။ သို့သော် ကိုယ့်အတွေးကိုယ် ပြန်သုံးသပ်မိလျှင် ကြက်သီးပင်ထသွားသည်။ ဒီလိုပုံမျိုးကို တွေ့ဖို့ဆိုသည်မှာ ဒီလူကြီးက သူတို့ အိပ်ရာပေါ်ရောက်နေဖို့ လိုသည် မဟုတ်လား။ အင်း.... ဒီလိုတော့လည်း မဖြစ်သေးပါဘူး။
"အင်..."
ထိုစဉ် ညည်းတွသံတခုနှင့်အတူ အဝတ်မပါသော သူ့ရင်ခွင်ထဲသို့ အတင်းတိုးဝင်ကာ ပြန်အိပ်ပျော်သွားသော ထိုလူသားကြောင့် ထပ်ဆင့်ကာ ပြုံးလိုက်မိပါသည်။
"Baby ထတော့လေ။ ၇ နာရီတောင် ထိုးပြီ။"
"အင်..."
ကျေးဇူးရှင်က ထဖို့နေနေသာသာ မျက်လုံးတောင်မဖွင့်ပဲ သူ့ရင်ခွင်ထဲသို့ ခေါင်းတိုးကာ အိပ်နေလေသည်။
"Baby အလုပ်နောက်ကျမယ်။ ထတော့... စားဖိုမှုးအသစ်ခန့်ဖို့ အင်တာဗျူးရှိတယ်ဆို... "
"အင်.... မနက်ဖြန်ကျမှ..."
ပလုံးပထွေးဖြင့် ပြောချင်ရာပြောပြီး ပြန်အိပ်ပျော်သွားသော ချစ်ရသူကို ကြည့်ကာ သျှားအိမ်မှာ အသည်းယားလာတော့သည်။ ထို့ကြောင့် နားရွက်လေးကို ခပ်ဖွဖွတစ်ချက်ငုံလိုက်သည်။ ထို့နောက် ပါးတစ်ဖက်ကို နေရာအနှံ့ မြတ်နိုးစွာ နမ်းရှိုက်လိုက်လျှင်...