Chapter 22
43.2K 3.5K 216
>>>>>Unicode<<<<<
သျှန်နောင်မှာ သျှားအိမ် ကမ်းပေးသော ကော်ဖီခွက်ကို ယူကာ တစ်ငုံမျှသောက်လိုက်သည်။ သင်းပျံ့သော ရနံ့၊ စိမ့်သက်သော အရသာက လျှာပေါ်တွင် ပျော်ဝင်သွားသည်နှင့် ကျေနပ်မှုတို့ဖြင့် ပျော်ဝင်နေသည့် အပြုံးတခုက နှုတ်ခမ်းထက်ဝယ် အလိုလျှောက် ပေါ်ထွန်းလာတော့သည်။
"ကျေးဇူး"
လိုချင်တာရသည့် ကလေးငယ်တစ်ယောက်ကဲ့သို့ ပြုံးနေသော သျှန်နောင်ကို ကြည့်ကာ ကျေနပ်မှုတို့ သူ့ထံ ကူးစက်သည်လား၊ အပျော်တို့ ဖုံးလွမ်းသွားသည်လား သျှားအိမ် မသိတော့။ သို့သော် ထိုလူ့နည်းတူ ပြုံးမိသည်ကတော့ အမှန်ပင်။
"ဘယ်လိုလဲ ကျေနပ်သွားပြီလား။"
"အင်း..."
သျှန်နောင်က ခေါင်းညိတ်ကာ ကော်ဖီကို ဆက်မြုံ့နေသည်။
"ကိုသျှန်နောင် ခင်ဗျားသိလား။ ကျွန်တော့်မျက်စိထဲမှာ ခင်ဗျားဟာ တခါတလေ ကလေးနဲ့ သိပ်တူတာပဲ။"
"ဗျာ..?"
သျှားအိမ် ရင်ထဲရှိသည့်အတိုင်းပြောလိုက်လျှင် သျှန်နောင်ခမျာ နားမလည်သလို ကြည့်နေသေးသည်။ ခဏကြာမှ သူ့ စကားကို သဘောပေါက်သွားဟန်ဖြင့် ထိုဇင်ယော်တောင် မျက်ခုံးတို့သည် အချိုးကျကျ တွန့်ချိုးကာ မျက်မှောင်ကြုတ်သွားတော့သည်။ တချိန်တည်းမှာပင် နှုတ်ခမ်းသားဖူးဖူးတို့မှာ အသည်းယားစဖွယ် မသိမသာထော်လာပြန်သည်။ ကြည့်ရသည်မှာ ပြန်လည်ချေပဖို့ စကားရှာနေဟန်တူသည်။ တကယ်တော့ ပြန်ချေပဖို့ စကားများမလိုပါ ထိုနှုတ်ခမ်းဖူးဖူးများကပင် သူ့ရင်ကို ယားကျိကျိဖြစ်စေဖို့ လိုသည်ထက်ပင် လုံလောက်နေပြီလေ။ ဪ... မြင်ရသော်လည်း မကြင်ရသည့် ဘဝသည် ဆိုးလွန်းလှပါ၏။
သျှန်နောင်မှာ မိမိထက်ခုနှစ်နှစ်မျှငယ်သော လူတစ်ယောက်က သူ့အား ကလေးနှင့်တူသည်ဟု ပြောသည်ကို ခံလိုက်ရသဖြင့် ခုလုခုလုဖြစ်မိသည်က အမှန်ပင်ဖြစ်သည်။ ထို့ပြင် သူ့အား အငယ်တစ်ယောက်ကဲ့သို့ ကြည့်နေသော ထိုအမျိုးသားငယ်ကို စိတ်မဆိုးသော်လည်း ကျေတော့မကျေနပ်ပေ။ သို့သော် ပြန်လည်ချေပခြင်းမပြုတော့ပဲ နှုတ်ဆိတ်ပြီး ကော်ဖီကိုသာ အရသာခံနေလိုက်သည်။