Chapter 15
44.5K 3.7K 209
>>>>>Unicode<<<<<
သျှန်နောင် ကားလေးကို Parking Lot တွင် ရပ်ကာ ဆိုင်ထဲသို့ဝင်လာခဲ့သည်။ Cashier မှ နှင်းနှင်းက ဖော်ရွေစွာ ပြုံးပြလာသည်။ သူဟိုဟိုဒီဒီ မျက်စိကစားလိုက်လျှင် နှင်းနှင်းက နားလည်စွာဖြင့်...
"ကိုသျှားအိမ် မလာသေးဘူး အစ်ကို။"
"ဪ..."
သျှန်နောင်၏ ရင်ခွင်ထောင့်တစ်နေရာမှ လှစ်ဟာသွားသော ခံစားချက်နှင့်အတူ စိတ်ထဲ အလိုမကျသလိုဖြစ်သွားသည်။ သို့သော် သူ့ကိုသူ ပြန်သတိပေးမိသည်။
'သျှန်နောင်ရာ မင်းအထူးအဆန်းတွေ သိပ်မလုပ်စမ်းပါနဲ့။ မင်း ဘာမှန်း ဟိုကသိရင် ဆိုင်ထဲတောင်အဝင်ခံမှာမဟုတ်ဘူး။'
သျှန်နောင် ကိုယ်အတွေးနှင့်ကိုယ် မိမိကိုမိမိလှောင်ရယ်လိုက်သည်။ လူများ၏ ခွဲခြားသော အမြင်ဟူသည် သူပိုင်ဆိုင်ခဲ့ဖူးသော "အချစ်"ဟူသော အရာကိုပင် အစိတ်စိတ်အမွှာမွှာကွဲပြိုရလောက်အောင် အစွမ်းထက်မှန်း သူအသိဆုံးပင်။
"အစ်ကို... နှင်း ဘာလုပ်ပေးရမလဲ။"
နှင်းနှင်း၏ မေးခွန်းကြောင့် သျှန်နောင် သတိဝင်လာခဲ့သည်။
"အင်း... ကော်ဖီတစ်ခွက်ရယ် tuna sandwich တစ်ခုရယ်ပဲ ပေးပါ။"
"ဟုတ်ကဲ့ ခဏလေးနော်"
သျှန်နောင် ပိုက်ဆံရှင်းပြီး ထိုင်နေကျနေရာလေးတွင် ထိုင်စောင့်ရင်းမှ အပြင်ဘက်ရှိ မြင်ကွင်းကို အဓိပ္ပာယ်မဲ့စွာ ငေးကြည့်နေမိသည်။
-----------
သျှားအိမ် ဟော်တယ်အခန်းခ ရှင်းပြီးသည်နှင့် တပြိုင်နက်ကားကို ဒုန်းစိုင်းမောင်းကာ ဆိုင်လေးဆီသို့ ပြေးလာသည်။ စိတ်ထဲတွင်လည်း ညက မွှန်နေသော ကိုယ့်ကိုယ်ကိုယ် အပြစ်တင်၍ မဆုံးပေ။ ညက မိန်းကလေးတစ်ဦးနှင့် အပျော်ကျူး၍ ဖုန်းအားမသွင်းမိသဖြင့် မနက်ကျတော့ နိုးစက် alarm မြည်ရန် အားမရှိတော့။
မည်သို့ပင်ဖြစ်စေ အသိစိတ်က နိုးဆော်နေသောကြောင့်လားမသိ။ မျက်လုံးဖွင့်ချိန် စားပွဲတင်နာရီ ကြည့်မိတော့ မနက် ၇နာရီခွဲဆိုသည်ကို မြင်လိုက်ရသည်။ ချက်ချင်းဆိုသလိုပင် ပြူးပြူးပြာပြာဖြင့်ထကာ မျက်နှာသစ် ရေမိုးချိုးရတော့သည်။ အာလုံးပြီးစီး၍ နာရီကြည့်ပြန်တော့ ၈နာရီ မတ်တင်း။ ဒီအချိန်ဆို နှင်းနှင်း ဆိုင်ဖွင့်ပြီးလောက်လေပြီ။ ထို့ကြောင့် ဆိုင်အတွက်စိတ်မပူပါ။ သို့သော် သူစိတ်ထဲ မနေနိုင်စွာ ပူမိသည်က သျှန်နောင်။ အခုအချိန်ဆို ထိုလူရောက်လောက်ပြီ။ သူသာ ထိုလူကို မမှီလျှင် ဘယ်နှယ့်လုပ်မလဲ။ "ဘာဆိုင်လို့ ပူနေတာလဲ။" ဟု မေးလာလျှင် သူ့တွင် အဖြေရယ်ဟု တိတိကျကျမရှိပါ။