Chapter 31
59.9K 3.8K 850
>>>>>Unicode<<<<<
သျှားအိမ်မှာ အိပ်ရာနိုးသည်နှင့် ဆိုင်ကို အပြေးအလွှားဖွင့်ကာ လုပ်စရာရှိသည်များကို ဇယ်ဆက်သလို လုပ်နေသည်။ လုပ်နေရင်းမှလည်း ဖုန်းကိုထုတ်ကြည့်ရတာ အမော။ သူ နိုးကတည်းက ပို့ထားသော message ကို ချစ်သူက ယခုထိ reply မပြန်သေး။ ကြည့်ရသည်မှာ မနိုးသေးတာလား။ မထနိုင်တာလား။ နေလို့မကောင်းတာပဲလား။ စသည်ဖြင့် တသီတတန်းကြီးတွေးနေမိသည်။ ဘာပဲဖြစ်ဖြစ် သူလုပ်မှဖြစ်မည့် အလုပ်များပြီးသွားသည်နှင့် ကော်ဖီတချို့ကို အပူခံခွက်ထဲထည့်လိုက်သည်။ ဟိုလူနိုးနိုး မနိုးနိုး သွားကြည့်ရဦးမည်။ ထိုစဉ် ဖုန်းသံကြောင့် ကြည့်လိုက်တော့ "My Gentleman" ဟူသော caller ID က screen ပေါ်တွင် အခန့်သား။
"ဟဲလို ကိုသျှန်နောင်... နိုးပြီလား။"
"အင်း... နိုးပြီ"
"ဘယ်လိုနေသေးလဲ။"
"ကောင်းပါတယ်။"
"ဒဏ်ရာကကော??? နာမှာပေါ့။"
"အင်း"
"ကျွန်တော်အခုပဲလာတော့မလို့။ မနက်စာ ဘာစားချင်လဲ။ ဝယ်ခဲ့မယ်။"
"ခင်ဗျားရဲ့ ကော်ဖီ ယူလာပေးလို့ရမလား။"
"စိတ်ချ ကျွန်တော် ထည့်ပြီးသွားပြီ။ နောက်ကော...?"
"ခင်ဗျားရဲ့ ကော်ဖီရှိရင်ရပြီ။"
သျှားအိမ် ကျေနပ်စွာပြုံးမိပါသည်။
"အင်း... ကျွန်တော် အခုပဲလာခဲ့တော့မယ်။"
"အင်း... ကျွန်တော် ခြံစောင့် ဦးကောင်းကို မှာထားလိုက်မယ်။ ခင်ဗျားရောက်လို့ ကျွန်တော့်ကို မတွေ့ရင် ဖုန်းခေါ်နော်..."
"အင်း... ဒါပဲနော်။ ချစ်တယ်။"
"ချစ်တယ် ကိုသျှားအိမ်"
သျှန်နောင် တလှပ်လှပ်ခုန်နေသော ရင်ခုန်သံနှင့်အတူ ဖုန်းချလိုက်ပြီး ပြုံးလိုက်ပါသည်။ ဒီလိုသုံးဆယ်ကျော်မှ ကလေးပေါက်စလေးလို ရင်ခုန်နေသော မိမိကိုယ်ကိုလည်း အံ့သြမိပါသည်။
"သျှန်နောင်ရေ မင်းတော့ ဆေးမမှီအောင် ရူးနေပြီဟ။"
သျှန်နောင် ကိုယ်ကိုကိုယ်ပြောရင်း အသံထွက်အောင်ရယ်လိုက်မိပါသည်။ ဒီလိုကျပြန်တော့လည်း လွန်ခဲ့သော လေးနှစ်က သျှန်နောင် မဟုတ်ခဲ့သလိုပင်။ ထိုနေ့က ဤအခန်း၏ မျက်နှာကြက်ကို အဓိပ္ပာယ်မဲ့စွာ ကြည့်နေရင်း ခန္ဓာကိုယ်မှ သွေးများအားလုံး ကုန်ဆုံးသွားတော့မည့် နောက်ဆုံးအချိန်ကို စောင့်နေခဲ့ဖူးသူက သူမှ ဟုတ်ပါလေစ။