Chapter 52 B
36.9K 2.9K 276
>>>>>Unicode<<<<<
"ကိုကြီး... အဲ့ဒီ့ ဘီယာက သောက်လို့ကောင်းလား။"
ဘီယာကို အချိုရည်လိုသောက်နေသော ချစ်သူ၏ ယောက်ျားပီသသော မျက်နှာကို ကြည့်ကာ စိတ်ဝင်တစားမေးလိုက်သည်။
"ဟင့်အင်း မကောင်းဘူး။ ကလေးသောက်လို့မရဘူး။"
"ဘာဆိုင်လဲ"
"ဆိုင်တာပေါ့။ ခင်ဗျားလေး သောက်ချင်လို့ စကားစနေတာမဟုတ်လား။"
သူနှာတံကို ချစ်စနိုးဖြင့် ဖြစ်ညစ်လာသော ထိုကြမ်းတမ်းလှသည့် လက်များကြောင့် သူ ရယ်သွမ်းလိုက်ပါသည်။
"ကိုကြီးက အတော်အကင်းပါးတာပဲ။"
"ပါးရတယ်။ မပါးရင် မင်းဦးလေးလက်ချက်နဲ့ ရန်ကုန်မြစ်ထဲမှာ ငါးစာမိနေမယ်။"
"ကျွန်တော် မပြောရင်မသိပါဘူး။ နော်... နော်...။ ကျွန်တော့်ကို နည်းနည်းပေးမြည်းနော်။ တငုံဆိုရပြီ။ ဘယ်လို အရသာရှိလည်း သိချင်လို့...."
"မရပါဘူး။ မင်း ဦးလေးက အရက်ဆို သေလောက်အောင် မုန်းတာကို။ မင်းကိုလည်း မသောက်ရဘူးလို့ မှာထားတယ် မဟုတ်လား။ ကိုယ့် ကိုလည်း သေချာမှာထားတယ်။ မင်းကို အရက်မသောက်အောင် သေချာကြည့်ထားတဲ့။ မင်း အရက်သောက်ရင် ဘာကြောင့်သောက်သောက်၊ ကိုယ် မသိဘဲသောက်သောက်လည်း ကိုယ့် တာဝန်တဲ့။ နောက်ပြီး ကိုယ်တို့ နှစ်ယောက်ကို အခုလို ပေးမတွေ့ပဲ ထားမယ်တဲ့။ ကလေးက ကိုကြီးကို မတွေ့ပဲနေနိုင်လို့လား။"
"ကိုကြီးကလည်း နည်းနည်းလေးနဲ့ ဘာဖြစ်မှာလဲ။ လေးနောင် စိတ်တိုလည်း ခဏပေါ့။"
"အေး... သူ စိတ်တိုတဲ့ခဏက အနုမြုဗုံးပေါက်တာထက်ဆိုးတယ်။ အဲ့ဒါထက် အရေးကြီးတာက မင်း အရက်သောက်ဖို့ ငယ်သေးတယ်။"
"ဒါပေမယ့် ဟိုဘက်ဝိုင်းက ကောင်လေးတွေဆို ကျွန်တော့်ထက် ငယ်တာပဲကိုး။"
မိုင်းမိုင်က တဖက်ဝိုင်းမှ ဆယ်ကျော်သက်ကောင်လေးတစ်သိုက်ကို မေးဆတ်ပြလိုက်သည်။
"အေး... သူတို့က ကိုယ့် ကောင်လေးမဟုတ်သလို သူတို့ ဦးလေးကလည်း လေးနောင် မဟုတ်ဘူးလေ။ ဒီတော့ သူတို့နဲ့ သွားမယှဉ်နဲ့။ သောက်ချင်သပဆို ခဏစောင့်"