Chapter 9
46.4K 4K 268
>>>>>Unicode<<<<<
ဆိုင်လေးမှာ ယနေ့မှ စဖွင့်သော်လည်း စားသုံးသူဧည့်သည်များဖြင့် စည်ကားနေသည်။ ကိတ်မုန့် တစ်စိတ်ဝယ်လျှင် သို့မဟုတ် အခြားမုန့်များကို သတ်မှတ်ထားသော ပမာဏအတိုင်း ဝယ်ယူအားပေးလျှင် ကော်ဖီတခွက် free ပေးသည် ဟူသော Promotion ကြောင့်လည်း ပါပေမည်။ မည်သို့ပင်ဖြစ်စေ ထင်သည်ထက်ပို၍ များသော လူဦးရေကြောင့် မုန့်များကို ထပ်ဖုတ်ရသလို ကော်ဖီနှပ်ထားသည်မှာလည်း ပြတ်လုလုဖြစ်ရသည်မှာလည်း မကြာခဏ။ ထိုင်စရာမရှိလောက်အောင် ပြည့်နှက်နေခြင်းမဟုတ်သော်လည်း ကိုယ်တိုင်ယူ စနစ်ဖြစ်သဖြင့် တန်းစီစောင့်နေသူများမှာ ဟိုမှာဒီမှာဖြင့် မနည်း။
သူ့ သူငယ်ချင်းများ မလာသေး၍သာ တော်တော့သည်။ လာလျှင်လည်း ဧည့်ခံရန် မအားပေ။ သူ မနက်ကတည်းက မထိုင်ရသေးသည်မှာ ယခုနေ့လယ် ၃နာရီခွဲပြီ ဖြစ်သော်လည်း ထိုင်ရသေးဖို့ လမ်းမမြင်။ သို့သော် သူ ကျေနပ်ပါသည်။ သူလုပ်ချင်တာကို အကောင်အထည်ဖော်နိုင်ခဲ့ပြီ မဟုတ်ပါလား။
သူ oven ထဲမှ ရပြီဖြစ်သော မုန့်တချို့ကို ယူပြီး Display ထဲတွင် ထည့်ရင်း တန်းစီနေသော လူများကို တစေ့တစောင်း ကြည့်မိသည်။ တချိန်းတည်းမှာပင် မျက်နှာတစ်ခုကို တွေ့ရနိုးနိုးဖြင့် မျှော်လင့်နေမိသော မိမိကိုယ်ကိုမိမိလည်း အံ့သြ၍ မဆုံးတော့။ ထိုစဉ်....
"ငသျှား" ဟူသော ခေါ်သံကြောင့် မော့ကြည့်မိတော့ ကိုစိုင်း။ ဘေးတွင် မိန်းမလှလေးတစ်ဦးဖြင့်။ သူ့နောက်တွင်က ကိုသိုက်။
"လူတွေ များလှ ချေလား။"
ကိုသိုက်က တစ်အံ့တစ်သြဖြင့် ဆိုလာသည်။
"အေးကွာ ငါတော့ ဧည့်ခံနိုင်ဦးမှာ မဟုတ်သေးဘူး။ ကြည့်ကျက်သာ ထိုင်နေကြတော့ကွာ။"
သျှားအိမ်မှာ ထိုမျှသာ ပြောနိုင်ပြီး လုပ်စရာရှိသည်များကို ဇယ်ဆက်သလို လုပ်ဆောင်နေသည်။ အတန်ကြာ၍ လူပါးသွားလျှင် နာရီထပ်ကြည့်မိပြန်သည်။ ညနေ ၄နာရီပင် ထိုးလုပြီဖြစ်သည်။ ထိုအခါမှပင် သူငယ်ချင်းများဆီ လှည့်နိုင်တော့သည်။ သူ ပစ်ထားမိသလိုဖြစ်သွားပြီလား မပြောတတ်။ မတတ်နိုင်။ ဒင်းတို့ကို စားသမျှ Free ပေးကာသာ တောင်းပန်ရတော့မည်။ သို့ပါသော်လည်း မဒီချောများနှင့် ရယ်လားမောလား လေပန်းနေသော ထိုအမျိုးကောင်းသားနှစ်ယောက်ကို မြင်လျှင် အစောက ရှိစုမဲ့စု အားနာသည့် စိတ်များမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တော့သည်။