Chapter 29
53.2K 3.8K 941
>>>>>Unicode<<<<<
သျှားအိမ်မှာ မနေ့ကတည်းက ဂနာမငြိမ်။ ယခုဖြစ်နေသော ခံစားချက်ကို ပြောပါဟုဆိုလျှင် ထိုလူကို တွေ့လည်းတွေ့ချင်သည် တွေ့ရမှာလဲ မျက်နှာပူမိသည်။ တစ်ချိန်တည်းမှာ တွေ့လည်းမတွေ့ချင်၊ အဲ... မတွေ့ရလျှင်လည်း ရူးနိုင်သည်။ ထိုသို့ တခါမျှမဖြစ်ဖူးသော ရူးကြောင်ကြောင်ခံစားချက်များဖြင့် လူက ကယောက်ကယက်ဖြစ်နေတော့သည်။ ဒီကြားထဲ သူ့အား ရုပ်ရှင်ရိုက်နေရင်းမှ မျက်လုံးရွဲကြီးများနှင့် လှမ်းလှမ်းကြည့်နေသော သူသူကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရပါသည်။
"အစ်ကိုသျှန်နောင်လည်း မလာဘူးနော်။"
နှင်းနှင်း၏ သတိပေးသံလိုလို စကားတစ်ခွန်းကြောင့် သျှားအိမ်၏ စိုးရိမ်ရေမှတ်မှာ အတိုင်းအဆမရှိ မြင့်တက်လာတော့သည်။ သူမ ပြောလည်းပြောချင်စရာပင် ထုံးစံဆိုလျှင် ဆိုင်ဖွင့်ဖွင့်ချင်းရောက်လာတတ်သော သူက ဒီနေ့မှ ၁၁ နာရီထိုးသည်အထိ ပေါ်မလာသေး။ ကြည့်ရသည်မှာ တနေ့က ကိစ္စကြောင့် သူ့ကို ရွံမုန်းသွားကာ လုံးဝ မလာတော့တာများလား။
"ကိုသျှား သူသူ အမေ့အတွက် ကိတ်မုန့်လေးဝယ်သွားချင်လို့..."
သူသူ၏ စကားသံကြောင့် ကိုယ်အတွေးနှင့်ကိုယ် နှစ်မွန်းနေရာမှ သတိဝင်လာသည်။ ကြည့်ရသည်မှာ ရိုက်ကွင်းပြီးသွားပြီနှင့် တူသည်။ အားလုံးမှာ ပြန်ရန် စိုင်းပြင်းနေကြပြီဖြစ်သည်။
"အင်း... ဝယ်လေ မသူသူရဲ့"
သျှားအိမ် စီးပွားရေးဆန်ဆန်ပြုံးပြလိုက်ပါသည်။ "ဝယ်သူက ရန်စလာသူဖြစ်ရင်တောင် အပြုံးမပျက်စေနဲ့"တဲ့။ ဤကား ထိုသူ၏ lecture ထဲမှ တစ်ခုဖြစ်သည်။
'ကိုသျှန်နောင်ရေ ကျွန်တော်တော့ ခင်ဗျားကြောင့် ရူးတော့မယ်နဲ့တူတယ်။' ဟု စိတ်ထဲက ညည်းညူလိုက်ပါသည်။
"ကိုသျှား ဘယ်ကိတ်ကို recommend ပေးမလဲဟင်။"
သူသူ တမင်တကာပင် စကားရောဖောရောလုပ်ရန် လမ်းကြောင်းလိုက်ပါသည်။ ဟိုတစ်နေ့က ပြဿနာပြီးကတည်းက သျှားအိမ်က သူမကို မသိမသာ ရှောင်နေသည်မဟုတ်ပါလား။ ယခုလို သူမဘက်က အလျော့ပေးဟန်ပြုရသည်မှာလည်း လုပ်ချင်လွန်းလို့တော့မဟုတ်။ သူမကို ပစ်ပစ်ခါခါဆက်ဆံရဲသော သျှားအိမ်ကို ပညာပြရန် ပထမခြေလှမ်းလှမ်းလိုက်ခြင်းပင်။ သူမ၏ မာနကို ထိခိုက်သည်ကိုတော့ နည်းနည်းမှ ညည်းမခံနိုင်ပါပေ။