Chapter 48
35.9K 2.8K 149
>>>>>Unicode<<<<<
သျှန်နောင်မှာ မီးပွိုင့်အနီတွင် ရပ်နေစဉ်...
"သတင်းထူးတွေနော်...။ ညက မူးယစ်ရာဇာကြီးကို အထူးရဲတပ်ဖွဲ့တွေက ကလပ်မှာ အထုပ်အထည်နဲ့ မိလို့တဲ့..."
သတင်းစာခေါင်းကြီးပိုင်းတခုကို အော်ဟစ်ရောင်းချနသော ဂျာနယ်သည်ကြောင့် သျှန်နောင် စိတ်ဝင်စားသွားရသည်။
"ဦးကို ခုနက မင်းအော်နေတဲ့ သတင်းပါတဲ့ စာစောင်တစ်စောင်ပေးကွာ။ ဒီမှာ ပိုက်ဆံ..."
ထိုကောင်လေးက ဂျာနယ်လေးအား ပေး၍ ပိုက်ဆံကို ယူလိုက်သည်။
"ပြန်မအမ်းနဲ့တော့။"
"ဟုတ်... ကျေးဇူးပါပဲ ဦး။"
သူပေးသော ပိုက်ဆံက ဂျာနယ်လေး၏ တန်ကြေးထက် နှစ်ဆမက ပိုသည်ဖြစ်ရာ ထိုကောင်လေး၏ ဝမ်းသာစွာဖြင့်ပြောလာသည်။ သူ ကောင်လေးအား ခေါင်းညိတ်ပြကာ စာစောင်လေးကို ဘေးခုံပေါ်သို့ ပစ်တင်လိုက်ပြီး ရွှေနယားဆီသို့ မောင်းထွက်ခဲ့တော့သည်။ ဘာကြောင့်ရယ်မသိ စိတ်ထဲသလို မနှစ်မြို့သလို ခံစားရသည်။ ဒီကြားထဲဆိုင်ရောက်ရောက်ချင်း ကြားလိုက်ရသော နန်းနောင်၏ အသံကြောင့် စိတ်ညစ်ရပါ၏။
"... နင်တို့တွေက ဘာလဲ customer ကိုမလေးစားတာလား။"
"... မဟုတ်ပါဘူး မနန်းရယ်။ ဒီလို အစားအသောက် စိတ်တိုင်းမကျတာ စားဖိုမှုးကို တွေ့စရာမှာ မလိုပဲ။ ကျွန်မကိုသာ ပြောပါ။"
ဤကား မမိုး၏ တုံ့ပြန်စကား။ မည်သူမျှပြောစရာမလိုပဲ သိလိုက်ပါပြီ နန်းနောင် ထုံးစံအတိုင်း ပြဿနာရှာပြန်ပြီဆိုသည်ကို။
"နန်းနောင် နင်ဘာလုပ်နေတာလဲ"
"အဟော်... ဆိုင်ရှင်ကြီးတော့ ရောက်လာပါပြီ။"
"အေး... ပြောစရာရှိရင် အထဲလိုက်ခဲ့။"
သျှန်နောင် ခပ်ပြတ်ပြတ်ပြောပြီး ရုံးခန်းရှိရာသို့ ထွက်လာခဲ့သည်။ သူမလည်းနောက်မှ ထပ်ချပ်မကွာ လိုက်လာသည်။
"ပြော...နင် ပိုက်ဆံပြတ်နေပြန်ပြီ မဟုတ်လား။"
သူက office desk တွင် ဝင်ထိုင်ရင်းမေးလိုက်သည်။