Chapter 18
43.6K 3.4K 364
Warning ⚠️: Mature Contents (18+)
>>>>>Unicode<<<<<
သျှားအိမ် မနေ့ညနေကတည်းက ကံဆိုးနေသည်မှာ ယနေ့မနက်အထိ။ မနေ့ညနေက ဧည့်သည်တစ်ဦးရောက်လာကာ Cheese Cake တခုနှင့် ကော်ဖီတခွက်မှာသည်။ တဝက်လောက်စားပြီးတော့မှ သူမှာထားသည်မှာ Red Velvet Cake ဖြစ်ပြီး လာချပေးတာမှားသောကြောင့် ပိုက်ဆံ ပြန်အမ်းရန်ဆိုသည်။ တမင်သက်သက် လုပ်မှန်းသိသော်လည်း လူကျနေချိန်တွင် ပြဿနာမဖြစ်လိုသောကြောင့် ကိတ်မုန့်ဖိုးအမ်းလိုက်သည်။ သို့သော် ကျေးဇူးရှင်က ရောင့်တက်ကာ ကော်ဖီဖိုးပါ ပေးရမည်ဟု တောင်းဆိုလာသည်။ လူက တော်တော်တော့ ဒေါသထွက်သွားသည်။ အရင်စိတ်နှင့်သာဆိုလျှင် ထိုcustomer ကို လက်သီးစာကျွေးထည့်လိုက်မည် ဖြစ်သော်လည်း သျှန်နောင်၏ lecturer တချို့က နားထဲတွင် ပြန်ကြားယောင်မိသည်တွင် ကိုယ့်ဒေါသကိုယ် ချွန်းနှင့် အုပ်ရတော့သည်။ ထို့ကြောင့် မိမိစိတ်ကို လျော့ချကာ ထိုမအေပေး တောင်းဆိုသော ပိုက်ဆံကို ပြန်အမ်းလိုက်ရသည်။
သိပ်မကြာပါ။ ဆိုင်ထဲသို့ စုံတွဲတစ်တွဲဝင်လာပြီး သုံးပွင့်ဆိုင်ဇာတ်လမ်းစတော့သည်။ ပြဿနာမှာ အမျိုးသားကား သူ၏ small လေးနှင့် ကြည်နူး‌နေချိန်တွင် တရားဝင် မယားကြီးက ဗြန်းဆို ရောက်ချလာကာ သူမနှင့်အတူပါလာသော ကိုယ်ရံတော်အား ခင်ပွန်းဖြစ်သူရော၊ စနှိုက်ကျော်မမလေးကိုပါ ရိုက်နှက်ခိုင်းတော့သည်။ ထို့ကြောင့် သျှားအိမ်မှာ မဝင်သင့်မဝင်အပ်သော လင်မယားကြားဝင်ကာ မဖြစ်တန်တာ မဖြစ်ရလေအောင် တားမြစ်ရပြန်သည်။
ယခုလည်း ဆိုင်ဝတွင်ပိတ်ကာ အိပ်နေသော အမူးသမားကြောင့် ဆိုင်ဖွင့်ချိန် နောက်ကျရပြန်သည်။ ဆိုင်ဖွင့်ချိန် နောက်ကျသဖြင့် set up လုပ်သော အချိန်တို့မှာလည်း အလိုလိုနောက်ရွှေ့ကုန်တော့သည်။ ထို့ကြောင့် သျှားအိမ်သာမက မနက်တာဝန်ကျသူ နှင်းနှင်းနှင့် ကိုတိုးရောပါ နောက်ကျသည့် အချိန်ကို ထေမိအောင် လုပ်စရာရှိသည်များကို တရစပ်လုပ်ရတော့သည်။ ကံကောင်းထောက်မသည်ဟု ပြောရမလားမသိ ဟိုလူ ရောက်မလာခင် ကော်ဖီနှပ်၍ ပြီးသွားတော့သည်။ ထိုအခါမှ သူလည်း သက်ပြင်းချနိုင်တော့သည်။