Chapter 6
50.7K 4.2K 50
>>>>>Unicode<<<<<
သျှားအိမ်တစ်‌ယောက် ပန်းချီပြခန်း၏ ကောင်တာတွင် ထိုင်ကာ အစ်ကိုဖြစ်သူအား ကျိန်ဆဲနေမိတော့သည်။ ပြခန်းထဲဝယ် တဝဲလည်လည်နှင့် အချိန်ဖြန်းနေသောသူများ၊ အနုပညာရသကို မိမိရရခံစားနေသူများနှင့် စည်ကားနေသော မြင်ကွင်းက အချိန်ကြာလာသည်နှင့်အမျှ တစထက်တစ ပိုမိုကာ ပျင်းရိစရာကောင်းလှသည်။ "ဒီတစ်ရက်တော့ လုပ်အားပေးပါ"'ဟူသော အစ်ကိုဖြစ်သူ၏ အကူအညီတောင်းခံမှုကြောင့်သာ မဟုတ်လျှင် သူဆိုသည်မှာ ဒီလိုနေရာတွင် ဤကဲ့သို့ ထိုင်နေဖို့ဆိုသည်မှာ အိပ်မက်ထဲမှာပင် မထည့်သော ကိစ္စမျိုး။
ဤပြခန်းကား အစ်ကိုဖြစ်သူ မင်းလွင်၏ အပိုင်ဖြစ်သော်လည်း နာမည်ကြီးပန်းချီဆရာမဖြစ်သော ဇနီးသည်ကသာ အဓိကဦးစီးသည်။ နေ့စဥ်ရက်ဆက်နီးပါးမျှ ဆိုင်တွင်ရှိတတ်ပါသော မရီးဖြစ်သူမှာ မည်သို့နေမည် မသိသော်ငြား သူ့ခမျာ ပျင်းရလွန်း၍ ငုတ်တုပ်မေ့နေရှာတော့သည်။ အကယ်၍ ပျင်းရိညည်းငွေ့ခြင်းသည်သာ လူတစ်ယောက်ကို အရှင်လတ်လတ် အရည်ပျော်ကျစေပါလျှင် သူ့ဆိုသည်မှာ အ‌‌ငွေ့ပြန်၍ နတ်နန်းစံနေပြီဖြစ်သည်။
ထိုစဉ် သူ့အား တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလို ခံစားမိသောကြောင့် စိတ်စေရာသို့ လှည့်ကြည့်လိုက်မိပါသည်။ အပြာနုရောင် လည်ကတုံးရှပ်အင်္ကျီကို ယောပုဆိုး နက်ပြာရောင်ဖြင့် တွဲဖက်ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးနှင့် မျက်လုံးချင်းဆုံမိတော့သည်။
"ကိုသျှန်နောင်ပါလား။"
"ကိုသျှားအိမ် ကျွန်တော်တို့တွေ့ကြပြန်ပြီနော်။"
သျှန်နောင်က အပြုံးလွှာတခုဖြင့် သျှားအိမ်ရှိရာသို့လျှောက်လာသည်။
"ဒါ ကိုသျှားအိမ်ရဲ့ ပြခန်းလား။"
သျှားအိမ်မှာ သူကို မျက်ဝန်းတောက်တောက်နှင့် ကြည့်နေသော သျှန်နောင်ကို ကြည့်ကာ အလိုလိုပြုံးမိတော့သည်။
"ဟင့်အင်း။ ဒါ ကျွန်တော့်အစ်ကိုရဲ့ ပြခန်း။ သူ ဒီနေ့ မအားလို့ ကျွန်တော် စောင့်ပေးနေတာ။"