Chapter 14
41.1K 3.7K 231
Warning ⚠️: Violence
>>>>>Unicode<<<<<<
ယခုတလော မုန်တိုင်းများရှိ၍လား မပြောတတ်။ မိုးရာသီမဟုတ်ပဲ မိုးရွာနေသည်မှာ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်းမက။ ကြိုကြားကြိုကြား အလျင်းသင့်သလို ရွာနေသည်။ ယနေ့လည်း ညနေကတည်းက တဖြောက်ဖြောက်နှင့်ရွာနေသည့် မိုးမှာ ည ၁၁: ၂၀ နာရီပင်ရှိပြီ မတိတ်နိုင်သေး။
"... ခင်ဗျား နောက်နာရီဝက်နေမှ မရောက်ရင် ဒီကောင် အသက်ရှင်ဖို့ ကျွန်တော် အာမမခံဘူး...ဒါပါပဲ။"
သျှန်နောင် ဖုန်းချလိုက်ကာ အမှောင်ရိပ်ကျကျ ထောင့်တစ်နေရာတွင်ရပ်ထားသော ခြောက်ဘီးကားပေါ်မှ container များထားရှိရာ ကွင်းသို့ လှမ်းကြည့်လိုက်သည်။ မီးရောင်မလင်းတလင်းအောက်တွင် container များကို တင်လိုက်ချလိုက်ဖြင့် အလုပ်ရှုပ်နေသော ကရိန်းမောင်းတံတစ်ခုကို မြင်နေရသည်။
အတန်ကြာသောအခါ ထိုကရိန်းရပ်သွားပြီး ဝန်းထဲမှ အနက်ရောင် Heavy-duty Pickup နှစ်စီးထွက်လာသည်။ နှစ်စီးစလုံးနောက်တွင် ကုန်သေတ္တာတချို့ကို တင်ဆောင်လာပြီး ပထမကားတွင် စီးနင်းလိုက်ပါသူ လူ ငါးယောက်ခန့်ရှိကာ ဒုတိကကားတွင် လူ သုံးယောက်ခန့်ပါသည်။ နိုင်ထူးကတော့ ဒုတိယကား၏ ခေါင်းခန်းမှ မိန့်မိန့်ကြီး လိုက်ပါလာလေသည်။ သျှန်နောင်မှာ မီးရောင်အောက်တွင် ဖြတ်ခနဲ တွေ့လိုက်ရသည့် ထိုသကောင့်သား၏ မျက်နှာဆိုးဆိုးကြောင့် ခပ်လှောင်လှောင်ပြုံးမိတော့သည်။ ထိုအမျိုးကောင်းသားကား သူ့ကံကြမ္မာကို မြင်ဟန်မတူချေ။
သျှန်နောင် ကားစက်နှိုးလိုက်ပြီး အသင့်အနေအထားပြင်ထားလိုက်သည်။ အရှေ့ဆုံးမှကား သူ့မြင်ကွင်းထဲရောက်သည်နှင့်တစ်ပြိုင်နက် lever ကို တဆုံးဖိနင်းချလိုက်ပြီး Pickup Truck ၏ ကိုယ်ထည်ကို ဘေးမှာ အရှိန်ဖြင့်ဆောင့်လိုက်သည်။
"ဒုန်း!!!"
ကျယ်လောင်လှသော မြည်ဟီးသံနှင့်အတူ ထို pickup truck မှာ ဘေးသို့ လျှောတိုက်ကာ တရွတ်ဆွဲပါသွားတော့သည်။ ကံကောင်းထောက်မစွာပင် container တခုက ကန့်လန့်ခံနေသောကြောင့် ထို Pickup Truckမှာ လျှောတိုက်ပါသွားရာမှ ရပ်တန့်သွားရသည်။ မဟုတ်လျှင် တုံးလုံးလဲဖွယ်ရှိသည်။ သို့သော် ထိုကားပေါ်တွင် စီနင်းလိုက်ပါလာသောလူများမှာ container နှင့်ရော သျှန်နောင့်ကားနှင့်ပါ အရှိန်ပြင်းစွာ ဆောင့်မိသော ဒဏ်ကြောင့် အားလုံးမှာ မူးဝေကာ အလဲလဲအကွဲကွဲ။