Chapter 57 B
40K 2.8K 553
Warning : Violence
>>>>>Unicode<<<<<
သျှားအိမ်တစ်ယောက် အိမ်သို့ ရောက်သည်နှင့် ရေချိုးခန်းထဲပြေးဝင်ကာ စိမ်ပြေနပြေ ရေချိုးနေမိသည်။ အတန်ကြာမှ ရေချိုးခန်းထဲမှ ထွက်လာကာ အိပ်ရာပေါ်တွင် ထိုင်ရင်း ခေါင်းသုတ်နေလိုက်သည်။ ရေနွေးဖြင့် ခပ်ကြာကြာ စိမ်ချိုးလိုက်သောကြောင့် ထင်သည် အကျောအချဉ်တို့ပြေကာ လူက လန်းဆန်းသွားတော့သည်။
ထိုစဉ် အခန်းထဲသို့ ဂွမ်းထုတ်တစ်ထုတ်နှင့် ဝင်လာသော သျှန်နောင်ကြောင့် ဘာများလဲဟု ကြည့်လိုက်မိသည်။ သျှန်နောင်က သူ့အား မကြည့်။ ရေချိုးခန်းထဲသို့ ဝင်ကာ Basin ဘေးရှိ နံရံကပ် ဗီရိုထဲမှ ဆေးသေတ္တာကို ထုတ်ယူလာပြီး သူ့ဘေးတွင် လာထိုင်သည်။ ထို့နောက် ဒဏ်ရာရထားသော သူ၏ လက်မောင်းကို အသာအယာဆွဲယူကာ ကြည့်နေသည်။ ကံကောင်းထောက်မသဖြင့် သေနတ်ကျည်ဆံက အပေါ်ယံ အရည်ပြားကိုသာ ပွတ်တိုက်သွားပြီး ချုပ်ရန်မလိုပေ။ သို့သော် ဒဏ်ရာပေါ်ရှိ ဆေးလိပ်မီးရာကို မြင်တော့ သူ့ရင်ထဲ တဖျင်းဖျင်းနေအောင် နာကျင်လှသည်။
သျှန်နောင်က ဒဏ်ရာအခြေအနေကြည့်ပြီးသည်နှင့် သူ့လက်ကိုသူ အရက်ပြန်နှင့် ပွတ်တိုက်ကာ ပိုးသတ်လိုက်သည်။ ပြီးမှ သျှားအိမ်၏ လက်မောင်းရှိ ဒဏ်ရာနား တဝိုက်ကို အရက်ပြန်နှင့် ပွတ်တိုက်ကာ သန့်စင်ပေးသည်။ ထို့နောက် ဘီတာဒင်းကို ပုလင်းလိုက် လောင်းချလိုက်လျှင်....
"အာလာလာ...."
သျှားအိမ်မှာ ချစ်သူ လှုပ်ရှားသမျှ ပါးစပ်ပိတ်နှုတ်ဆိတ်ကာ ကြည့်နေပါသော်လည်း ဒီတစ်ကြိမ်တွင် မရတော့။ သူ၏ နာကျင်စွာ အော်ဟစ်သံကြောင့်....
"အရမ်းစပ်သွားလား။"
သျှန်နောင်က စိတ်လက်မသက်သာစွာ မေးလိုက်ပြီး အနာသက်သာလိုသက်သာငြား လေဖြင့် ဖြေးညှင်းစွာ မှုတ်ပေးရှာသည်။ ပြီးမှ ဒဏ်ရာကို ပလာစတာနှင့် ကပ်လိုက်ပြီးလျှင် လက်ကောက်ဝတ်မှ ပွန်းပဲ့ဒဏ်ရာတို့ကို ဆေးထည့်ပေးရှာသည်။ ထို့နောက် သူ့မျက်နှာပေါ်မှ ဒဏ်ရာတချို့အား အရက်ပြန်စွတ်ထားသော ဂွမ်းလေးဖြင့် ခပ်ဖွဖွပွတ်ဆွဲကာ သန့်ရှင်းပေးပြန်သည်။