Chapter 35
56.6K 3.4K 330
>>>>>Unicode<<<<<
မနက်လင်းတော့ သျှားအိမ်တစ်‌ယောက် တော်တော်နှင့် မထနိုင်။ သျှန်နောင်ကတော့ သူနိုးသည့်အချိန်တွင် ရေချိုးခန်းထဲရောက်နေပြီဖြစ်သည်။ သူ ချက်ချင်းပင် စားပွဲပေါ်မှ ဖုန်းကိုဆွဲယူကာ နှင်းနှင်းကို နောက်ကျမည့်အကြောင်းပြောရသည်။ ဒီနေ့က တနင်္လာဆိုတော့ လူလည်းနည်းမည်ဖြစ်ရာ သိပ်တော့ ပြဿနာမရှိ။ သို့သော် special order များရှိနေ၍ သွားတော့သွားရမည်။
"မောင်... နေသာရဲ့လား။"
ရေချိုးခန်းအဝမှ လှမ်းမေးနေသော ချစ်သူကြောင့် နာကျင်နေသည်များပင် မေ့လျော့သွားရသည်။
"အင်း... သွားပွတ်တံအသစ်တွေ့တယ် မဟုတ်လား။"
"အင်း... မနေ့ညက ဆေးယူရင်းနဲ့ ဆေးဗီရိုထဲမှာ တစ်ချောင်းတွေ့လို့ ယူသုံးလိုက်တယ်။"
သျှန်နောင် မျက်နှာသုတ်ပုဝါကို အဝတ်လှမ်းစင်ပေါ်တင်လိုက်ရင်း ပြောသည်။ သျှားအိမ်ကတော့ သျှန်နောင်လှုပ်ရှားသမျှကို မျက်တောင်မခတ်ဘဲ ငေးမောနေမိသည်။
"ဘာတွေ ငေးနေတာလဲ။ ကို့ကို မမြင်ဖူးဘူးလား။"
"အင်း... ဒီလောက်လှတဲ့ ကောင်လေးကို တခါမှမမြင်ဖူးဘူး။ ဒါကြောင့် မောင့်ဆီလာခဲ့... သေချာအနီးကပ်ကြည့်ရမယ်။"
သျှန်နောင် မငြင်းဆန်ပါ။ ချစ်သူအမိန့်တော်ရှိသည်အတိုင်း ကုတင်ရှိရာဆီသို့ လျှောက်လာကာ ခုတင်အစွန်းတွင် တင်ပါးလွှဲထိုင်လိုက်သည်။ ပြီးလျှင် ထိုရင်ခွင်ကျယ်ထဲသို့ ခေါင်းတိုးလိုက်ပြီး ချစ်သူ၏ မျက်နှာချောချောကို မော့ဖူးလိုက်ပါသည်။ တဆက်တည်းဆိုသလို ကြံခိုင်လှပသော မေးရိုးတို့ကို မြင်လျှင် မြတ်နိုးမှုအဟုန်တို့က လွန်ကဲလာသည့်အားလျှော်စွာ ထိုမေးဖျားလေးကို အသာအယာ နမ်းရှိုက်လိုက်ပြီး...
"ကိုက 'ကောင်လေး' အရွယ်ကို ကျော်ခဲ့တာ ကြာလှပြီကော... ခေါ်ချင်ခေါ် "ဘိုးတော်" အခေါ်ခံရမယ့်အရွယ်ဖြစ်နေပြီလေ။"
"အဟားဟား... ကို့ပုံနဲ့ ဘယ်လိုလုပ်ပြီး "ဘိုးတော်" လို့ ထင်မှာလဲ။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ပါဦး။"