Chapter 2
86K 5.4K 183
 >>>>>Unicode<<<<<
ညနေခင်း၏ တိမ်ရောင်တောက်တောက်တို့အောက်ဝယ် အင်းယားရေပြင်သည် ပတ္တမြား‌ရောင်သွေး ခပ်သွဲ့သွဲ့လေးလွှမ်းလို့နေသည်။ တချိန်တည်းမှာပင် ကန်ရေပြင်ပေါ်ဖြတ်နင်းပြေးလွှားနေသည့် လေအလျင်၏ခြေရာ ဝဲဂရက်ပြေပြေလေးများက ဖျော်ဖြေမှုအတတ်တမျိုးဖြင့် တင်ဆက်သည့်နှယ်။ စက္ခုရှင်တို့အား ကြည်နူးမှုပါးပါးလွှာလွှာတစ်ရပ်ကို ဆောင်ကျဥ်းပေးပါ၏။
သျှားအိမ်မှာတော့ ထိုသက်ငြိမ်နေသော သဘာဝအလှကို မခံစားနိုင်ပြီ။ အကြောင်းမူကား မနက်ပိုင်းမှ အဖြစ်အပျက်များကို ရောင်းရင်းတစ်သိုက်ထံ ပြန်လည်ဖောက်သည်ချကာ ဒေါသထွက်နေသောကြောင့်ဖြစ်သည်။
"....အဲဒါ ပါပဲကွာ။ ငါလည်း အဲဒီလူကိုထားခဲ့ပြီး ကားပါကင်ဘက်ကို အမြန်ထွက်လာခဲ့တာ။"
သျှားအိမ် စကားဆုံးသည်နှင့် လက်ထဲမှ ဘီယာခွက်ကို တစ်ကြိုက်မော့ချလိုက်သည်။
"မင်းပြောချင်တာက အောင်မြင်စွာနဲ့ ခွေးပြေးဝက်ပြေး ပြေးလာတယ်ပေါ့။"
ဟန်စိုးသိုက်မှာ ပြောလဲပြော ရယ်လည်းရယ်။ စိုင်းဘုန်းနိုင်မှာမူ ရယ်ရလွန်း၍ မျက်ရည်များပင် သုတ်နေရသည်။
စိုင်းဘုန်းနိုင်ကား သျှားအိမ်ကဲ့ပင် တောင်ကြီးဇာတိဖြစ်ပြီး ဟန်စိုးသိုက်ကမှု ရန်ကုန်သားဖြစ်သည်။ သို့သော် ရေစက်အဟုန်ကြောင့်ဟုပြောပေမည်။ သူတို့ သုံးဦးမှာ ရန်ကုန်တွင် တက္ကသိုလ်လာတက်ရင်းမှ ပြောမနာဆိုမနာငယ်သူငယ်ချင်းများကဲ့သို့ ရင်းနှီးသွားကြတော့သည်။
ကျောင်းပြီးသည့်တိုင် တောင်ကြီးသားဖြစ်သော စိုင်းဘုန်းနိုင်နှင့် သျှားအိမ်မှာ ဇာတိသို့ မပြန်။ ဘွဲ့ရအလုပ်လက်မဲ့ဘဝကို ပျော်ပျော်ကြီးခံယူကာ သုံးဦးသား ရန်ကုန်တွင် နှစ်နှစ်၊ သုံးနှစ်ခန့်အထိ ဝေလေလေလုပ်နေသေးသည်။ ထို့နောက် သျှားအိမ်မှာ Bakery နှင့် ပတ်သက်သော ပညာရပ်ကို နိုင်ငံရပ်ခြားတွင် သွားရောက်ဆည်းပူးသည်တွင် သုံးဦးသား အတန်ကြာအောင် လူချင်းမတွေ့ဖြစ်ကြတော့။ သို့ရာတွင် အားလုံး အဆက်အသွယ်မပြတ်ခဲ့။