Extra, Bookmarks and Gift
4.9K 216 22
-Unicode-
ဒီနေ့ကတော့ Ony ရဲ့ အချစ်တို့ဖြင့် အတိပြီးသော  စာအုပ်လေးနဲ့အတူ ပါဝင်မယ့် Giftလေးတွေနဲ့ Extra Book လေးအ​ကြောင်းပါ။
ပထမဆုံး Ony  Bookmark လေးတွေ အကြောင်းပြောပြမယ်နော်။
အညိုနောက်ခံ​ပေါ်က Apron Bookmark လေးက ကော်ဖီဆိုင်ပိုင်ရှင်လေး ကိုသျှားအိမ်ကို ရည်ညွှန်းပါတယ်။ ချစ်သူရဲ့ မနက်ခင်းတိုင်းမှာ ကော်ဖီတွေ တည်ခင်းဖို့ရန် ရာသက်ပန် တာဝန်ယူထားတဲ့သူကြီးပေါ့။ "ကောင်းသောနေ့ပါ" ဆိုတဲ့ Bookmark လေးကတော့ ယောပုဆိုးနဲ့ လည်ကတုံးရှပ...
Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.
အညိုနောက်ခံ​ပေါ်က Apron Bookmark လေးက ကော်ဖီဆိုင်ပိုင်ရှင်လေး ကိုသျှားအိမ်ကို ရည်ညွှန်းပါတယ်။ ချစ်သူရဲ့ မနက်ခင်းတိုင်းမှာ ကော်ဖီတွေ တည်ခင်းဖို့ရန် ရာသက်ပန် တာဝန်ယူထားတဲ့သူကြီးပေါ့။
"ကောင်းသောနေ့ပါ" ဆိုတဲ့ Bookmark လေးကတော့ ယောပုဆိုးနဲ့ လည်ကတုံးရှပ်လက်ရှည်လေးတွေ အမြဲဝတ်တတ်တဲ့ လူဆိုးမင်းလေး ကိုသျှန်နောင်ရဲ့ နှုတ်ထွက်စကားလေးကို အက္ခရာတင်ရေးမှတ်ထားတာပါ။
တတိယ Bookmark လေးကတော့ Puzzle လေးရဲ့ အဖြေကို  ထပ်မံ ဆန်းသစ်ထားတာပါ။ 
ဒါလေးတွေက Bookmark လေးတွေရဲ့ အကြောင်းပေါ့။ပြီးရင် Gift လေး အကြောင်း...။
ဒီ Gift ကတော့ ဘယ်သူမှ မထင်လောက်ဘူးထင်တယ်။
Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.
ဒီ Gift ကတော့ ဘယ်သူမှ မထင်လောက်ဘူးထင်တယ်။
ဟုတ်ပါတယ်။
ဒီ Gift လေးက ATM card အရွယ်ပဲရှိတဲ့ Pixil Club ရဲ့ VIP member cardလေးပါ။ သို့ပေမယ့် ငွေကြေးတတ်နိုင်သူတိုင်း သုံးလို့ရတဲ့ Card မဟုတ်ဘူးနော်။ 
ကော်ဖီဆိုင်ပိုင်ရှင်လေး ကိုသျှားအိမ်တစ်ဦးတည်းအတွက် လူဆိုးမင်းလေး ကိုသျှန်နောင်က ပေးထားတဲ့ Member pass လေးပေါ့။ ID number ကိုက တစ်ဦးတစ်ယောက်တည်းသော သူအတွက်မို့ 1AND0LY ပါတဲ့။ ပြီးတော့ ဒီ one and only member လေးက ဘယ်အချိန်တည်းက Member ဖြစ်သလဲဆိုရင် နှစ်ဦးသား ဘုရားကပြန်လာတဲ့ ညကတည်းကပါတဲ့။ Expiration date က မကုန်ဆုံးနိုင်တာကို ရည်ရွယ်လို့ Perpetuity ပါတဲ့။