အပိုင်း၂

2.9K 237 1
                                    

အချိန်အတော်ကြာအနားယူအိပ်ပျော်သွားပြီး ကျွန်မနိုးလာသည့်အချိန်မှာ မြန်မာစံတော်ချိန် လေးနာရီခွဲလေပြီ။

လေယဥ်ကို ဖင်ပူအောင်စီးခဲ့ရတာကြောင့်
အိပ်ရေးလဲပျက်နှင့်ပင် အကြာကြီးအိပ်ပျော်သွားသည်ထင်ပါသည်။

ကြီးမားလှတဲ့ ခြံဝန်း အိမ်နဲ့ဒီအခန်းထဲမှာ ကျွန်မအတော်ပင်အထီးကျန်လှပါသည်။
ဟိုမှာလို သူငယ်ချင်းတွေနဲ့လဲ club တွေbar တွေလဲသွားမရ။အိမ်ထဲကအိမ်ပြင်ထွက်ဖို့တောင် ကျွန်မအတွက်ခက်ခဲပေလိမ့်မည်။

ပြတင်းပေါက်နားသို့ထွက်ကြည့်ရာ နေရောင်ကိုပင်မမြင်ရသေးပါ။

အစောကြီးရှိသေးတာကြောင့်အိပ်ယာပေါ်မှာပဲ နေ၍ သူငယ်ချင်းများထံစာပို့ အင်တာနက်ဖွင့် ဟိုကြည့်ဒီကြည့်နှင့် ငါးနာရီပင်ခွဲလေပြီ။နေအလင်းရောင်လေးအနည်းငယ်မြင်နေရပြီ အာရုံဦးအလှကိုလဲ ပြတင်းပေါက်ကနေ အသေချာကိုမြင်ရသည်။

"ဂွီ ဂွီ...Shit! ဗိုက်ဆာလိုက်တာ"တစ်ညလုံးဘာမှမစားရသေးသဖြင့် ဗိုက်က ဆန္ဒပြနေလေပြီ။
ထို့ကြောင့်ရေမိုးချိုးပြီးအောက်ထပ်သို့ဆင်းလာခဲ့လေသည်။

ဦးမျိုးနိုင်ကတော့ ထမင်းစားခန်းမှ ကျွန်မကို​ေစာင့်နေသည်ထင်ပါသည်။ထမင်းစားခန်းဝင်ဝင်ခြင်း စားပွဲ၌ သတင်းစာဖတ်နေသော ဦးမျိုးနုင်ကိုတွေ့၏။

"Uncle... Morning "

"Morning ပါ သမီး ကောင်းကောင်းအိပ်ပျော်ရဲ့လား"

"အိပ်ပျော်ချက်က uncle ရယ် တစ်ရေးတောင်မနိုးဘူး"

"ညက ညစာစားဖို့ ဒေါ်နွဲ့ကို​ခေါ် ခိုင်းသေးတယ် သမီးအိပ်နေတယ်တဲ့"

"ဟီးးး ခရီးကလဲဝေးပြီး အိပ်ရေးတွေလဲပျက်ခဲ့တာကြောင့်ပါ uncle"

"ဒါပေါ့ကွယ် လမ်းခရီးက နီးနီးလေးမှမဟုတ်ပဲ"

"uncleဒေါ်နွဲ့ကို ပေါင်မုန့်ကြက်ဥကြော်ပဲ လုပ်ခိုင်းထားတယ် သမီးစားပါတယ်နော်"

"ဟုတ်ကဲ့ စားပါတယ်"

စကားဖောင်ဖွဲ့ကာ မနက်စာစားအပြီးတွင် အခန်းရှိရာ အပေါ်သို့တက်လေသည်။

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now