အပိုင်း၁၆

2.8K 234 9
                                    

ကြီးနွဲ့က dinner ပြင်ထားပြီးပြီ လို့ တံခါးခေါက်၍ လာပြောတာကြောင့် ဖွဲ့ မိမိအခန်းမှထွက်ကာ ထမင်းစားခန်းသို့လာရသည်။

အခန်းမှထွက်ထွက်ခြင်း ခြောက်ပေလောက် ကွာဝေးတဲ့ သူမရဲ့အခန်းရှေ့က သော့်ရဲ့ အခန်းတံခါးကိုကြည့်ရင်း ပြုံမိသေးသည်။
ချစ်မိသွားခဲ့ရင် သူနဲ့ပတ်သတ်တဲ့ အရာအသေးအမွှားလေးကအစ မြတ်နိုးချင်စရာပင်မဟုတ်လား။

ရှက်စိတ်နှင့်အတူ အောက်ထပ်သို့ဆင်းလာပေမဲ့ သော့်ရဲ့ရှေ့၌ သူမ စိတ်ထိန်းနိုင်မည်တဲ့လား။တည်ကြည်လေးနက်သော မည်သူဖြစ်စေ ချစ်ရသူရှေ့ ခံစားချက်မရှိအောင် နေရတာဟာ ခက်ခဲလှသည်။

သူမအခန်းထဲသို့ဝင်ဝင်ချင်းပင် အဖေဖြစ်သူနှင့် စကားဖောင်ဖွဲ့နေတဲ့ သော်။
ဖွဲ့ဝင်လာတာကိုမြင်တော့ ပြောလက်စ စကားကိုပင်ရပ်လိုက်ကြသည်။အဖေဖြစ်သူကပင် သူမမကြိုက်တဲ့အရာ ဘယ်အရာကိုမှမလုပ်ဝံ့။သော်ကတော့ချွင်းချက်တစ်ခုသာ အရာရာကိုသူမခွင့်လွတ်ပေးမိသည်။

အရင်ကလို သော်၏ ခုံအရှေ့၌ ဝင်ထိုင်လိုက်ပြီး

"အဖေ ဖွဲ့ပြောစရာရှိလို့"

"ပြောလေသမီးရဲ့"

အဖေတစ်ယောက်ကိုစကားပြောဖို့ပင် ခွင့်တောင်းနေသေးသည် ဤမျှ ​ေဝးကွားနေသော မိဘနှင့်သားသမီးကြားဆက်ဆံရေး....

"ေဆာင်းတွင်းပိုင်းရောက်ပြီဆိုတော့ ပြင်ဦးလွင်က ခြံကို ဖွဲ့ သွားကြည့်ရမယ်"

မိဘဘိုးဘွား လက်ထက် ထဲက အမွေဆိုင် ခြံဖြစ်သလို သူမငယ်စဥ်က ပြေးလွှားဆော့ကစားရာ နိဗ္ဗာန်လေးဖြစ်တဲ့ အတွက် တစ်နှစ်တစ်ခါတော့အမြဲသွားဖြစ်သည်။အမြဲမနေပေမဲ့လို့ အနည်းဆုံး သုံးရက်လောက်တော့ သွားကာ ခြံကိုလေ့လာကြည့်ရှူပြီး ခြံစောင့် အိမ်သန့်ရှင်းရေး အားလုံးအတွက် တစ်နှစ်စာ လာစာ နှစ်စဥ်သွားပေးလေ့ရှိသည်။

"အင်း သွားရမှာပေါ့ ဒီနှစ်ကော ဘယ်နှစ်ရက်လောက်နေဖြစ်မှာလဲ"

"ဒီနှစ်တော့ တစ်ပတ်လောက်နေမယ်စိတ်ကူးထားတယ် ​ငြိမ်းရသော်ကိုလဲ ခေါ်သွားမလို့"

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now