အပိုင်း၆

2.7K 229 7
                                    

သော် နှင့်ဝတီတို ထိုစားသောက်တိုင်မှာပဲ နေ့ခင်းဘက်အမြဲထိုင်ဖြစ်ကြသည်။စကားလဲပြောလိုက် ဂိမ်းဆော့လိုက် စာအုပ်လေးဖတ်လိုက်နှင့်အချိန်ကုန်ကြသည်။

"သော်"

"အင်းပြောလေ"

စာအုပ်အတူဖတ်နေကြရင်း ဝတီ့ဘက်မှ စကားစလာလေသည်။

"သော် က tachiလား transmanလုပ်မလို့ လား ဒါမှမဟုတ် lesလား"

"ဟမ်...ဟင့်အင်း အဲ့လိုမျိုးမဟုတ်ဘူး အင်းးးးးးကိုယ်ချစ်မိသွားတဲ့သူက မိန်းကလေးဆိုရင်တော့ကိုကိုကိုယ်LGBTတစ်ယောက်ပါလို့ခံယူလိုက်မယ် ယောက်ျားလေးတစ်ယောက်ဆိုရင်တော့ st8 တစ်ယောက်ပါလို့ခံယူလိုက်မယ် အဲ့ဒါပဲ"

"အော်.....ကောင်းပါတယ်"
ဟားဟားဟားးနှစ်ယောက်သားရီမိလိုက်ကြသည်။

"ဝတီကကော"

"ဝတီက ကောင်လေးရှိတယ် heee...."

"အံမယ် ကိုယ့်ထပ်ငယ်တဲ့သူက ကိုယ့်ထပ်ပိုစွံနေပါလား တွဲတာဘယ်လောက်ကြာပြီလဲ"

"လေးလလောက်ပဲရှိသေးတာ"

"ကောင်းပါတယ်"

ထိုစဥ် အအေး လေး  တစ်ငုံသောက်ပြီး စားသောက်ဆိုင်အဝသို့လှမ်းကြည့်လိုက်မိသည်။အန်တီတစ်ယောက် အမျိုးသားတစ်ဦးနှင့်အတူဝင်လာပြီး ကောင်တာက လူကို စကားခဏပြောပြီးထိုအမျိုးသားနှင့်ပဲ အတူပြန်ထွက်သွားလေသည်။
အန်တီဒီလိုမျိုး အခြားယောက်ျားလေးတစ်ယောက်နဲ့အတူတွဲတွေ့လိုက်ရတာကိုသော်မကြိုက်ပါ အန်တီတစ်ယောက်ထဲရုန်းကန်နေရတဲ့လုပ်ငန်းက ယော်ျားလေးတွေနဲ့ ရင်ဘောင်တန်းနေရတာဆိုပေမဲ့ သော်ဒီမြင်ကွင်းကို တကယ်သဘောမကျပါ အန်တီအပြင်ကိုထွက်ပြီးကားပေါ်ရောက်သည်အထိ သော်လိုက်ကြည့်နေမိပါသည်။

"သော်...သော်..."

"ဘတ်.... သော်လို့"ဝတီ တစ်ချက်ရိုက်လိုက်မှ ေသာ် တံခါးအဝကနေ အကြည့်ခွာ၍

"ဟေ ဟေ.."

"ဘာလဲ ကြိုက်လို့လား"

"ဘာကိုကြိုက်ရမှာလဲ"

"အဲ့အန်တီကိုလေ"

"ummmမ... မဟုတ်ပါဘူး"

"မဟုတ်ဘူးသာပြောတာ အကြည့်တွေကသေလောက်တယ် မြင်မြင်ချင်းကိုသဝန်တိုနေတာပဲ"

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now