အပိုင်း၂၁

2.9K 245 27
                                    

ညဘက်ဖွဲ့သောက်ရမဲ့ဆေးတွေတိုက်ကာ အိပ်စက်ခိုင်းလိုက်ပြီး
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည်ရှိကာမှ မိမိအခန်းကိုပြန်ရာ ရေချိုးအဝတ်စားလဲလေသည်။

တစ်နေကုန်လဲ ဖွဲ့အနားမှာပဲနေပေးပြီး ဘာမှတောင်မစားရသေးတာမို့ အောက်ထပ်မှ ခေါက်ဆွဲပြုတ်ဘူးနှင့် cola တစ်လုံးယူကာ ဖွဲ့အခန်းထဲသို့ပြန်ဝင်လာခဲ့လေသည်။
အခန်းထဲသို့ဝင်ဝင်ချင်း ဖွဲ့အရိပ်အခြေကိုကြည့်ပြီးမှ ဆိုဖာ၌ထိုင်ကာ ခေါက်ဆွဲပြုတ်စားရင်း family lawyer ကပို့ပေးတဲ့ အမှုနဲ့ပတ်သတ်တဲ့ စာရွက်စာတန်းတွေကို ဖုန်းကနေတစ်ဆင့်ကြည့်ရှုနေသည်။

ညလဲနက်နေသည်ကတစ်ကြောင်း ဖွဲ့ရဲ့အခန်းကကျယ်ပြီးလုံတာကတစ်ကြောင်းနှင့် တိတ်ဆိတ်ကာ ဘာအသံမှပင်အကြားရပေ။
အမြဲမီးဖွင့်အိပ်တတ်တဲ့ဖွဲ့နဲ့ မီးမှိတ်ထားမှ အိပ်ပျော်တဲ့သော့်ကြောင့် သော်ဖွဲ့အခန်းထဲမှ အိပ်ပျော်ဖို့ဆိုတာ ခက်ခဲလေတယ်။

အချိန်မှာ တစ်နာရီကျော်နေပြီဖြစ်ပြီး ဖွဲ့ကလဲနှစ်နှစ်ခြိုက်ခြိုက်ပင်အိပ်နေတာကြောင့်မို့ ဆိုဖာတွင်ပဲလှဲအိပ်ရန်ပြင်လေသည်။
ဖုန်းပိတ်လိုက်ပြီး အိပ်ရန်ပြင်မှာ..အသံတစ်ခုကြားလိုက်ရသည်။

ထိုအသံကား ရှိုက်သံ ရင်ထဲမှလှိုက်၍ရှိုက်နေပြီး ပြင်းထန်သောအသက်ရှုသံတစ်ခု။
ချက်ခြင်းပင်ဇက်ကနဲထလိုက်ပြီး ကုတင်အနားကိုသွားကြည့်လိုက်ရာခြုံထားလေသောစောင်ကို လက်နှစ်ဖက်ဖြင့်တင်းကြပ်စွာဆုတ်ကိုင်ထားပြီး အိမ်မက်ဆိုးမက်သလိုလွန့်လူးနေခြင်းမရှိပဲ ဝမ်းတွင်းမှ ရှိုက်ငင်နေသော ဖွဲ့။

လှုတ်နှိုးပြန်ရင်လဲနိုးသွားမှာစိုးသောကြောင့် ဖွဲ့ရဲ့စောင်ကိုကိုင်ထားတဲ့လက်ကိုသာဆုတ်ကိုင်ပေးမိသည်။
သို့ပေမဲ့ ရှုက်ငင်သံနဲ့အသက်ရှုသံတို့ဟာပြေလျော့မသွားပဲ ပိုဆိုးလာတာကြောင့်မို့ ကြံရမရဖြစ်ပြီး ကုတင်ပေါ်သို့တက်ကာ ဖွဲ့ဘေး၌လဲလျောင်းလိုက်ပြီး ရင်ခွင်းအတွင်းသို့ထည့်သွင်းလိုက်သည်။

ရုတ်တရက်လုပ်မိလုပ်ရာလုပ်လိုက်ပေမဲ့ ပြီးမှ ဖတ်ထားမိသောလက်တို့မှာအနည်းငယ်တုန်လှုတ်နေသေး....
အိပ်ဆေးအရှိန်ကြောင့်ဖြစ်ပေလိမ့်မည် ဖွဲ့မျက်လုံးများဟာ ပွင့်လာခြင်းမရှိပဲ သော့်ရဲ့ခါးကိုသာတင်းတင်းဖတ်ထားလေရဲ့။
သော်ဖွဲ့ရဲ့ ကျောပြင်လေးကိုဖွဖွလေးပုတ်ပေးနေပြီး ခဏအကြာ မှရှုက်ငင်သံမကြားရတော့ပဲ ရင်ခွင်ထဲ၌ ဖွဲ့ပြန်အိပ်ပျော်သွားလေတယ်။

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now