အပိုင်း၁၅

2.9K 265 13
                                    

"သော်ရယ်...ပြသနာက သေးသေးလေးပါဘာလို့ပုံကြီးချဲ့နေရတာလဲ"

သော် ဖွဲ့ကိုရှောင်နေတာဟာ တစ်ပတ်လောက်တောင်ရှိပြီမို့ စိတ်လျော့ရန် ဝတီတစ်ယောက် ဖြောင်းဖျပေးမိသည်။

ခင်တာသိပ်မကြာကြသေးပေမဲ့လို့ သူ့ပြသနာကိုယ့်ပြနာဝေမျှပေးတတ်ကြသေးသည်။

"သော်ကိုယ်တိုင် ကိုက အန်တီနဲ့ပတ်သတ်ရင် လေးလေးနက်နက်တွေးနေမိတာကို"

ငယ်ငယ်ထဲက မိဘတွေဖူးဖူးမှုတ်ခံထားရတဲ့ကလေးမို့ အလျော့ပေးဖို့ဆိုတာ သူမအတွက်လဲ ခက်ခဲ့သည်မဟုတ်လား။
ဘယ်သူ့ကိုမှ စမခေါ်တတ် သူမခေါ်လျှင်ငါမခေါ်ပဲနေတတ်တဲ့ သူမအတွက် ပြန်ခေါ်ဖို့ကိုမလုပ်နိုင်ပေ။

"ဟူးးး

နှစ်ယောက်လုံးဟာ မဘာမှမဟုတ်ဲ့ကိစ္စလေးနဲ့ စိတ်ဆိုးနေကြသည်မို့ ဘေးလူဖြစ်တဲ့ ဝတီ သက်ပြင်းတစ်ချက်ချမိသည်။

"ဝတီပြောပြမယ် မိတ်ဆွေအရ ဖက်တာမျိုးလဲ ဖြစ်နိုင်တာပဲလေ
လူကွယ်ရာမှာမှမဟုတ်ပဲ လူမြင်ကွင်းမှာဆိုတော့ ဝတီပြောသလိုမိတ်ဆွေတွေပဲဖြစ်မှာပါ"

"ဒါပေမဲ့ သူဖက်လိုက်တဲ့မိတ်ဆွေက သူ့ရည်းစားဟောင်းလေ ပြီးတော့...."

ဆက်၍ မပြောသင့်တော့သည့်စကားတွေမို့ အောက်နှုတ်ခမ်းကိုကိုက်၍ ထွက်လာမည့်စကားများကိုရန့်တန့်လိုက်ပြီး

"သော်..မကြိုက်ဘူး"

"ဘယ်လိုပဲ ဖြစ်ဖြစ် ပြသနာတစ်ခုကို သေသေချာချာဖြေရှင်းသင့်တယ်လို့ ထင်တယ် မျက်နှာချင်းဆိုင်ပြီး မေးလိုက်ပါ"

"ဟင့်အင်း သူ့အမှားသူသိပြီး ကိုယ်တိုင်ရှင်းပြလာမဲ့အချိန်ကိုစောင့်မှာ"

"သူ့ဘက်က လာရှင်းပြရအောင် သော်နဲ့ အန်တီက ချစ်သူတွေမဟုတ်ကြဘူးနော်."

"သော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက သာမန်ထပ်ပိုခဲ့တယ် ဝတီရဲ့...."

စိတ်ထဲမှသာတွေးမိပြီး ထုတ်မပြောဖြစ်သောစကားလေးတစ်ခွန်းပင်ဖြစ်သည်။
 
                                       ~~~
အောက်ထပ်မှ ကားသံ ရဲ့ရဲ့ လေးကြားလိုက်တာကြောင့် ခဏအကြာ သော်အောက်ထပ်သို့ဆင်းကာ ထမင်းစားခန်းသို့ ဝင်လာလိုက်သည်။

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now