အပိုင်း၈

2.9K 238 4
                                    

"ဟယ်...တကယ်လား"

မနက်က သော်နဲ့အန်တီ့အကြား အဖြစ်ပျက်တွေကို ဝတီ့အားပြောပြရင်း ဝတီမှ အံသြသဖြင့် ထပ်မံမေးလိုက်လေသည်။

"ညာစရာလားဝတီရယ်."

"ဒါဆို အခြေအနေကောင်းနေပြီပေါ့"

"ဟဲဟဲ a little bit..."

"ပိစိလေးဆိုပေမဲ့ လဲ အရင်ကလို တစ်ကြပ်ကြပ် ဖြစ်တာထပ်စာရင်ပိုကောင်းတာပေါ့"

သော့်အတွက် သူငယ်ချင်းဆိုလို့ ဝတီတစ်ယောက်ထဲရှိသည့်အတွက် အန်တီနဲ့ဘာဖြစ်ဖြစ် ဝတီနှင့်အတူ အမြဲပြောပြ တိုင်ပင်လေ့ရှိသည်။

"အန်တီက ထူးဆန်းတယ်ဟ ခံစားချက်တွေရှိရဲ့သားနဲ့ ဖုံးကွယ်ထားသလိုပဲ"

"လူတိုင်းမှာ ကိုယ့်လျို့ဝှက်ချက်နဲ့ကိုယ်ပဲလေ သော့်အန်တီ မှာလဲ ရှိမှာပေါ့"

"သော့်အန်တီ လို့ခေါ်လိုက်တာ တအားကြိုက်တယ် ဝတီရေ ဒီတော့ ဒီနေ့စရိတ် သော်ရှင်းမယ်"

"နေ့တိုင်ခေါ်ရတော့မှာပေါ့ ဟားးဟားး"

"ဒါနဲ့သော်က ဘယ်တော့လောက်ပြန်ဖြစ်မှာလဲ"

"daddy ကသုံးလေးလလောက်ပဲဒီမှာနေရမယ် လို့ပြောပေမဲ့family lawyerကိုဖုန်းဆက်ကြည့်တော့ အဲ့ထပ်ကြာမယ်တဲ့ ရုံးချိန်းတွေက ဒီလ15ရက်နေ့မှစမှာတဲ့"

"အော်..သော်ကအမှုပြီးလို့.ပြန်သွားရင် ဒီကို ပြန်မလာတော့ဘူးလား "

"မပြောတတ်ဘူး ဝတီရဲ့ သေချာတာတော့ အလုပ်အရင်ဝင်ရမှာ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့မိတ်ဆက် company ကိုဦးစီးနဲ့ အလုပ်တွေတော့ရှုတ်နေမှာပဲ"

"ဝတီက Company CEO ပေါက်စကြီး နဲ့ ပေါက်ကရတွေပြောပြီး ဟီလာထနေမိတာပေါ့"

"အဲ့CEO ပေါက်စက လန်ဒန်တောင်မပြန်ချင်တော့ဘူးရယ်."

"အန်တီ့ကြောင့်မဟုတ်လား"

"ဒါပဲရှိတာကို..."

စကားပြောနေရင်း ရုတ်တရက် မိုးများသည်းထန်စွာရွာချလေသည်။

"မိုးတအားသည်းလာတယ်နော်.ဝတီ့မှာထီးပါလို့လား"

"ဟင့်အင်း"

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now