အပိုင်း၂၂

3K 244 12
                                    

ဒီလိုနဲ့...ရက်အနည်းငယ်ကြာတော့ ဖွဲ့နှင့်သော် နှစ်ယောက်သား ပြင်ဦးလွှင်သို့ ကားနှင့်ထွက်ခဲ့ကြသည်။
ဖွဲ့က လေယဥ် ထပ်စာရင် ကားနဲ့သွားပြီး ရှုခင်းလှလှလေးတွေကို ကြည့်ချင်သောကြောင့် ကားဖြင့်သာသွားခဲ့ကြသည်။
တစ်လမ်းလုံးGPSအကူညီနဲ့ သော်သာဦးဆောင်၍ မောင်းခဲ့ရာ ညဘက်ဟာအတော်မှောင်နေပြီဖြစ်ပြီး ဖွဲ့ကလဲ အိပ်ပျော်နေလျက် ဘာအသံမှကိုမကြားတာကြောင့် အကြောင်းရာတစ်ခုကိုပြန်တွေးမိနေသည်။

~•~

"အရေးတကြီးတွေ့ချင်နေတယ်ဆိုတော့ အန်တီဖွဲ့အကြောင်းမှဟုတ်ရဲ့လား ဦးညဏ်လင်းထက်"
ချိန်ထားတဲ့နေရာက ဦးညဏ်လင်းထက်ထိုင်ခုံရှေ့၌ဝင်ထိုင်လိုက်ပြီး ရွဲ့ပြုံးလေးနှင့်ပြောလိုက်လေသည်။VIP အခန်းဖြစ်တာကြောင့်မို့ သူတို့နှစ်ဦးကလွဲထိုအခန်းထဲတွင်လဲ ဘယ်သူမျှမရှိကြပေ။

ညဏ်လင်းထက်သက်ပြင်းတစ်ချက်ချလိုက်ပြီး
"ဖွဲ့ကျန်းမာရေးအခြေအနေလေး ပြောပြပေးနိုင်မလား"

"ခင်ဗျားနဲ့ဆိုင်လို့လား"

"uncle အကောင်းမေးနေတာပါ ဘာလို့ ဒေါသကြီးထွက်နေရတာလဲ"

"ပြောစရာရှိတာမြန်မြန်ပြောပါ အန်တီ့အနားကနေ ခဏဆိုပြီးပဲထွက်လာတာ သူစိတ်ပူနေလိမ့်မယ်"

"အင်းပြောမှာပါ uncle လဲ ညနေ flight ရှိသေးလို့ အရေးတကြီးချိန်းလိုက်ရတာ"
သော်ကဘာမှမပြောပဲ စားပွဲကရေကိုယူ​ေသာက်လိုက်ပြီး ခေါင်းတစ်ချက်သာငြိမ့်ပြသည်။

"ပြီးတော့ မင်း uncle ကိုပြန်တောင်းပန်ပါ"

"ဟားဟားဟားးးးးး ဘယ်လို...ပြန်တောင်းပန်ရမယ် ဘာအတွက်လဲ"

"uncle မျက်နှာက အနာရွတ်တွေအတွက်"

"ဘဝတစ်လျှောက်လုံး ဘယ်သူ့ကိုမှ အမှားမလုပ်ခဲ့ဘူး အဲ့တော့ ဘယ်သူ့ကိုမှ တောင်းပန်လာတဲ့လူမဟုတ်ဘူး သော့်ဆီကတောင်းပန်ခံချင်ရင်တော့ နောက်ဘဝကိုစောင့်လိုက်ပါ တောင်းပန်တယ်ဆိုတာ ငြိမ်းရသော် ရာဇဝင်မှာမရှိဘူး"

ရေတစ်ငုံထပ်သောက်လိုက်ပြီး ဖန်ခွက်ကို အသံမြည်အောင်ချလိုက်ပြီး

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now