အပိုင်း၇

2.7K 235 10
                                    

"Uncle"

"ဟေ "

"ဟိုလေ..."

"အင်း ဘာပြောမလို့လဲပြောစရာရှိရင်ပွင့်ပွင့်လင်းလင်း ပြောပါ သမီးရဲ့"

"ကိုးနာရီတောင်ထိုးတော့မယ်နော်.uncle"

"ဟုတ်တယ်လေ"

"အန်တီ ပြန်မလာသေးဘူးနော်"

ညနေထဲကအန်တီ့ ကိုထပ်တောင်းပန်ဖို့သေချာပြင်ဆင်ပြီး ​ေစာင့်နေခဲ့ခြင်းဖြစ်သည်။ညစာစားပြီးလို့ ညကိုးနာရီအထိ အန်တီတစ်ယောက်ပြန်ရောက်မလာသေးပေ။မိုးရာသီဖြစ်တဲ့အတွက် ညကပုံမှန်ထပ်ကိုပိုမှောင်လှသည်။

""​ေအာ်....သူအလုပ်များနေတာဖြစ်မှာပါ သမီးအန်တီက တစ်ခါတစ်လေဆို အိမ်တောင်ပြန်မအိပ်ဘူး "

အန်တီ့ကိုစိတ်မပူဘူးလား ဘာလို့အေးတိအေးစက်လဲ သော်မေးလိုက်ချင်ပေမဲ့ မိသားစုရေးမို့ သော်ဝင်မပါသင့်ဘူးမဟုတ်လား။

"uncle အိပ်တော့မယ်သမီး သမီးလဲ စောစောအိပ်အုန်းနော်"

"ဟုတ်ကဲ့ သော်အန်တီ့ကိုပြောစရာလေးရှိလို့ခဏစောင့် လိုက်အုံးမယ်နော်."

"အင်းအင်း အရမ်းတော့ညမနက်စေနဲ့သမီး Goodnight "

"ဟုတ်ကဲ့ Goodnight uncle"

သော်အန်တီ့အားဆက်စောင့်နေခဲ့ရာ အချိန်မှာ ဆယ်နာရီတောင်ထိုးလေပြီ

"ကျစ်...ခုထိပြန်မလာသေးဘူး ဒီမှာစောင့်နေတဲ့လူရှိတာသူမသိဘူးလား ဟူးးကလေးလဲမဟုတ်ပဲဇွတ်စိတ်ပူနေရတယ် ကလေးဆိုလဲတော်သေး ချီထားလို့ရတယ် ပြန်လာသင့်နေပြီလေအန်တီရယ်..."

ပွစိပွစိလဲပြောရင်းသော်တစ်ယောက် အိမ်ရှေ့လျောက်လိုက်ခြံထဲဆင်းလိုက်နှင့် အလုပ်များနေသည်။စိတ်ပြေလက်ပျောက် game ဆော့ကြည့်သော်လဲ အန်တီပြန်မလာသေးဘူးဆိူတဲ့စိတ်နဲ့ဂိမ်း ဆော့ရတာလဲစိတ်မပါပြန်ဘူး။

သော်အန့်တီကိုစောင့်နေသည်မှာ အချိန်အတော်ကိုပင်ကြာနေပါပြီ။ညအတော်နက်တဲ့ထိ အန်တီပြန်မရောက်သေးပါ။

ခြံရှေ့မှကားသံကြား၍ နာရီတစ်ချက်ကြည့်လိုက်ရာ
အချိန်မှာ 12နာရီပင်ထိုးဖို့သုံးမိနစ်သာလိုတော့သည်။ထိုအချိန်မှ အန်တီ ပြန်ရောက်လာသည်။

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now