အပိုင်း၁၈

2.9K 239 16
                                    

ခြံရှေ့ရောက်သည့်တိုင်အောင် သော်ကရုပ်တည်ကြီးနှင့် စကားတစ်ခွန်းမှပြောခြင်းမရှိတာကြောင့် သူမလုပ်ရက်လွန်သွားလားလို့သာတွေးမိသည်။တောင်းပန်ဖို့ကတော့ဖွဲ့လုပ်လိမ့်မည်မဟုတ်။
တောင်းပန်ရခြင်း နှင့် ဆုံးဖြတ်ချက်ချပြီးသားကိစ္စတစ်ခုကိုပြန်ပြင်တတ်သည်ကား ဖွဲ့ရဲ့ အမုန်းဆုံးအရာပင်ဖြစ်သည်။

အိမ်တံခါးရှေ့၌ ကားရပ်လိုက်ပြီမို့လို့ ဖွဲ့လဲကားပေါ်မှဆင်းကာ အိမ်ထဲသို့ဝင်ရန်ပြင်လေသည်။

"အန်တီ"

အိမ်ထဲသို့လှမ်းမည့် ဖွဲ့၏ခြေလှမ်းများရပ်တန့်သွားခဲ့သည်။ပျော်သွားသည်လား။ဟုတ်ပါရဲ့ပျော်တာပါ။သူတို့နှစ်ယောက်အကြား အရင်တစ်ခါလို ဘာစကားမှမပြောပဲ ခပ်စိမ်းစိမ်းနေရမည်ကိုဖွဲ့စိုးရိမ်ပါသည်။ဒါကြောင့်လဲ အနေထိုင်ကိုတတ်နိုင်သမျှဆင်ချင်နေခြင်းဖြစ်သည်။

ဖွဲ့အနောက်သို့မလှည့်ခင်လေးမှာပဲ သူမ၏ မျက်လုံးကို အဝတ်စနှင့်လာစီးလေသည်။

ကိုယ်သင်းနံသင်းသင်းလေးကိုရတော့ ထိုလူကား သော်ဖြစ်မည်ဆိုတာကို ဖွဲ့သိသည်။
"သော်...ဘာလုပ်တာလဲ"

"ရှူးးးသော့် လက်ကိုကိုင်လိုက်"

ဖွဲ့၏ လက်နားသို့တိုးလာပေးသောလက်ကို ညာဘက်လက်နှင့်တင်းကြပ်စွာဆုပ်ကိုင်လိုက်လေသည်။

"ဘာမှမဖြစ်စေရဘူး ဒီတိုင်းလေးလိုက်ခဲ့ပေးနော်..."

ဖွဲ့အသာအယာပဲခေါင်းငြိမ့်မိသည်။ဒီကိစ္စကိုအခြားလူတစ်ဦးသာလုပ်လာခဲ့လျှင် သူမ မျက်နှာကိုစီးထားသောအစီးကိုချက်ချင်းချွတ်ပြီး အဲ့လူကိုတစ်ခုခုလုပ်မည်ဆိုတာမလွဲဧကန်။

မှောင်မိုက်ပြီး ဘယ်အရာမှကိုမမြင်ရပဲ တစ်စုံတစ်ဦး၏ ဦးဆောင်မှုနောက်ကိုသာ လိုက်လာခဲ့သည်။
လမ်းပျောက်နေတဲ့ကလေးငယ်တစ်ယောက်လို သော်၏ စေညွှန်းရာအတိုင်းသာပြုမူခဲ့သည်။

ရှေ့မှာလှေကားရှိမယ်သတိထား ေကွ့မယ်နော်.စသည်ဖြင့် တတွတ်တွတ်ပြောကာ ဖွဲ့လက်ကိုဆုတ်ကိုင်ထားပေးသည်။
အံသြပြီး ပိုမိုစိတ်လှုတ်ရှားစေရန်ရည်ရွယ်ကာ အိမ်တံခါးဝထဲက မျက်လုံးကိုစီးထားခဲ့ခြင်းဖြစ်သည်။

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now