အပိုင်း၂၀

3.1K 237 13
                                    

မေ့မျောနေတဲ့ အန်တီ့ရဲ့မျက်နှာလေးကို သော်တမေ့မောငေးနေရင်း လက်ကိုလဲ​တင်းကြပ်စွာဆုတ်ကိုင်ထားပေးမိသည်။
အခန်းထဲတွင်တော့ကားမောင်းလာပေးတဲ့ဖွဲ့ရဲ့ ဝန်ထမ်းတစ်ဦး နှင့် သူတို့နှစ်ယောက်ပဲရှိပြီး ဝန်ထမ်းကောင်လေးမှာတော့ ဖွဲ့တို့နှစ်ယောက်ရဲ့ပတ်သတ်မှုကိုသာ ကိုကိုယ်ကိုမေးခွန့းထုတ်နေ​ေလသည်။

နှစ်နာရီလောက်ကြာမှ ဖွဲ့သတိပြန်လည်လာပြီး မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်မှာ သူမကိုငေးကြည့်နေတဲ့ သော်။ဘာမှကိုမမြင်တော့ပဲစိတ်လိုလက်ရခန္ဓာကိုယ်ကို အနည်းငယ် ကြွ၍ သော့်၏ ဂုတ်အထက်မှ တင်းကြပ်စွာဖတ်ထားလိုက်သည်။

သော်ရုတ်တရက်မို့ ကြောင်သွားပေမဲ့လို့ တုံဆိုင်းမနေပဲ ဖွဲ့၏ ဂျိုင်းအောက်နားမှတစ်ဆင့် ပြန်ပွေ့ဖတ်ကာ ကျောပြင်လေးကို အသာယာပွတ်ပေးနေပြီး

"သော်ရှိတယ်နော်...အန်တီ့အနားမှာသော်ရှိတယ်"ဟုတဖွဖွပြောပေးနေသည်။

ဖွဲ့ကတော့ သော့်ကိုဖတ်ထားရင်းပင် ခေါင်းဆက်ဆက်ငြိမ့်ပြသည်။
အခန်းထဲရှိ ဝန်ထမ်းကောင်လေးမှာတော့ သော့်၏အချက်ပြမှုကြောင့်ဆရာဝန်ကိုသွားခေါ်ရလေသည်။
ဖွဲ့၏အသက်ရှုသံများဟာ ပုံမှန်ထပ်ကိုပိုမြန်ဆန်နေပြီး သူမဘယ်လောက်ကြောက်နေမည်ဆိုတာကို လည်း သော်သိ၏

ခဏလောက်ကြာမှ ဖွဲ့ဖတ်ထားသည့်လက်များကိုလွှတ်လိုက်ပြီး

"အန်တီတို့ အခုဘယ်ရောက်နေတာလဲဟင်"

တုန်ရီနေသောလေသံတို့ဖြင့်မေးလာတာကြောင့်မို့ သော်ဖွဲ့ရဲ လက်ကိုတင်းကြပ်စွာပြန်ဆုတ်ကိုင်လိုက်ပြီး

"ဆေးရုံမှာလေ အန်တီမူးလဲသွားလို့"

ဖွဲ့ ရဲ့ကြောက်စိတ်တွေလျော့သွားစေရန် ခေါင်းလေးငြိမ့်၍ တည်တည်ငြိမ်ငြိမ်သာပြောပြလိုက်သည်။

"အန်တီဆေးရုံမတက်ချင်ဘူးနော်.အန်တီကြောက်တယ် အိမ်ပြန်ရအောင်နော်"

ဖွဲ့၏မျက်ဝန်းထက်မှမျက်ရည်များကျဆင်းနေပြီး အသံများဟာလဲကြောက်စိတ်ဖုံးလွှမ်းနေသည်။
အမြဲလိုခက်ထန်နေတဲ့မျက်ဝန်းတွေ မာနအပြည့်နဲ့ နှုတ်ခမ်းသားများမှာ အားဖျော့ဖျော့နှင့်သာ...

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now