အပိုင်း၂၇

3.5K 283 50
                                    

အိမ်ရှေ့က ကွပ်ပစ်ခုံရှည်မှာ ဖွဲ့ကိုထိုင်စောင့်နေသည်။အေးစက်တဲ့ရာသီဥတုက သူမအတွက်တော့နေသားကျပြီးအနွေးထည်ထပ်ဝတ်စရာမလိုအောင်ပင် နေလို့ကောင်းနေသည်ဟုဆိုရမည်။
တစ်စုံတစ်ယောက်ဆီသို့ ဖုန်းခေါ်ရန် phone contactsမှာရှာရင်း....

"ပျောက်လှချည်လား ဒေါ်ငြိမ်းရသော်."

"ငါပြင်ဦးလွင်ရောက်နေတာလို့ပြောသားပဲ"

"သိတယ်လေ ဒါပေမဲ့ သတင်းမကြားဘာမကြားနဲ့ဖုန်းလေးတောင်ဆက်ဖော်မရ ဘယ်လိုလဲ အဖြေရသွားပြီလား"

"ဘယ်ကသာ.ငါအဲ့အကြောင်းပြောမလို့မဟုတ်ဘူးဝတီရဲ့"

"ကဲ..ဆို.ဘာအကြောင်းလဲ"

"စာချုပ်ကိစ္စမေ့နေမှာစိုးလို့ ငါပြန်ရောက်တာနဲ့ တစ်ခါထဲငွေချေ တစ်ခါထဲဝယ်မှာနော်.".

"အေးပါ ဘယ်လိုဖြစ်လို့တအားလောနေတာလဲ နင့်ကိုပဲရောင့းမှာဘယ်သူ့မှမရောင်းဘူး စိတ်ချ"

"ဟူးးးးးလောရမယ် အဆောက်အဦးလဲဆောက်ရအုံးမှာဆိုတော့ နှစ်နှစ်အတွင်းလောက် အကုန်အပြီးလုပ်ချင်တာ"

"နင်က ဘာဆောက်မှာလဲ company ပဲလား center ဆောက်မှာလား"

"hotel"

"ဟင်...အစက နင့်အဖေအလုပ်ကိုခွဲယူမှာဆို ဘယ်လိုဖြစ်တာလဲ"

"အခုက အလုပ်တစ်ခုပိုလာတယ်ဟ hotal ဆိုရင် သိပ်အလုပ်မရှုတ်ဘူး အဲ့ဒါကြောင့်"

"အေးပါ သဘော..ပြန်ရောက်တာနဲ့ အဲ့ဒီခြံ နင့်အပိုင်ဖြစ်စေရမယ်"

"အိုခေ.."

🔹 🔹 🔹

တစ်ခဏအကြာ..
"ရော့...အေးနေတာကိုအနွေးထည်လေးတောင်မဝတ်ပဲ တော်တော်ကျန်းမာနေတယ်ပေါ့"

အသံလာရာအရပ်ကိုမျက်နှာမူလိုက်တော့ အသားရောင် မြန်မာဝမ်းစက်လေးနဲ့ ဆေးမခြယ်ထားတဲ့ မျက်နှာ မိတ်ကပ်ပါးပါးလေးသာရှိလိမ့်မည်။ ပန်းရောင်သန်းနေတဲ့နှုတ်ခမ်းတစ်စုံကြောင့် သေချာပေါက် နှုတ်ခမ်းပေါ်လဲဆေးတင်လာမည်မဟုတ်။ဆံပင် ကိုလဲအပြောင်ထုံးထားပြီးကြည်ရှင်းနေလေရဲ့။ အပေါ်ကနေ အနွေးထည်ပါးပါးလေးလဲ ထပ်ဝတ်ဆင်ထားတယ်။မြင်နေကျ တောက်တောက်ပပအရောင်တွေနဲ့တောင် သူမအလှကို မမှီတာ အရောင်ဖျော့လေးတွေနဲ့ကျ ယဥ်ယဥ်လေးလှနေသေး။အေးမြတဲ့ ရသီဥတုနှင့်အတူ သူမဟာ ရင်ကိုအေးချမ်းစေတာအမှန်။
ဖွဲ့လက်ထဲက အဝတ်လေးကိုလှမ်းယူပြီး ကောက်ဝတ်လိုက်သည်။အချစ်ရဲ့ဓာတ်ကြောင့်ဖြစ်လိမ့်မည်။နွေးထွေးမှုနှင့်အတူ ပျော်ရွှင်မှုတို့ တစ်ထပ်ထဲကျနေလေသည်။

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Tempat cerita menjadi hidup. Temukan sekarang