အပိုင်း၂၅

3.4K 239 22
                                    

ဒီလိုနဲ့ဒီလိုနဲ့ ဖွဲ့ကတော့ စီးပွားရေးကျောင်းကိုသာတက်ခဲ့တယ်။
မြတ်သူဇာဖွဲ့ ဆိုသော သူမ အား.အခြားကျောင်းကနေတောင်.လာရောက်ပိုးပန်းတဲ့သူများမှာမနည်းမနော။ကျောင်းခန်းအထဲကိုဝင်လိုက်တာနဲ့ အမြဲ စားပွဲပေါ်မှာပန်းစည်းအပြည့်နဲ့ ပိုးပန်းစာများ။ဒါကြောင့်လဲ ကျောင်းဝန်းအတွင်း သူမအတွက် စာတိုက်ပုံးသီးသန့်ဆိုတာထားရှိပေးရသေး။အမြဲ ခြေမျက်စိဖုံးအောင်ဝတ်ဆင်တတ်တဲ့ ရင်ဖုံးဝမ်းစက် ဖားလျားချထားတတ်သော ကျောလည်လောက်ဆံနွယ်ရှည်...သနပ်ခါးကိုတော့ ငယ်စဥ်ကတည်းက မလိမ်းပေ။မိတ်ကပ်ပါးပါးလေးသာလိမ်းချယ်တတ်ပြီး ပုရိသတို့အသည်းခိုက်အောင် စွဲလမ်းကြတဲ့ ဖွဲ့...
ဖွဲ့ရဲ့ အချစ်ကိုတော့ ကိုညဏ်လင်းထက် ဆိုသူကသာ ရထား၏။

"ကို ဖွဲ့နဲ့လက်ထပ်ချင်ပြီကွာ"

ဒီစကားကိုကြားတော့ ညဏ်လင်းထက်ရင်ခွင်ထဲမှ ဖွဲ့ရေးရေးလေးပြုံးမိသည်။ချစ်ရသူဆီက ထိုစကားကြားရသည်ကား အပျော်ဆုံးပင်မဟုတ်လား။

"ကျောင်းပြီးတဲ့အထိတော့စောင့်မှပေါ့ ကိုရယ်..."

"..."

ဘာစကားမှပြန်မလာတော့ပဲသက်ပြင်းသံတစ်ချက်သာကြားလိုက်ရတာကြောင့် ရင်ခွင်ထဲမှ ထွက်၍

"ဘာလဲ မစောင့်ချင်ဘူးလား ရတယ်လေ.."

"မဟုတ်ပါဘူးဖွဲ့ရယ်..ကိုစောင့်နိုင်ပါတယ် ဒါပေမဲ့ ကို့ရဲ့ဖွဲ့လေးကို ပိုးပန်းသူတွေက များတယ်လေ ကိုစိတ်ပူတာပေါ့"

"ဖွဲ့စိတ်ပါမှဖြစ်တဲ့ကိစ္စတွေပါကိုရယ်...ဖွဲ့အချစ်တွေအကုန်လုံးက ဟောဒီအသားညိုညို အပြုံးချိုချိုနဲ့အကိုကြီးဆီမှာလေ"

ဟုတ်ပါရဲ့ ကိုညဏ်လင်းထက်ဟာလဲ ခန့်ချောလေ။ပုဆိုးကိုစမတ်ကျကျဝတ်ပြီး ကော်လံတီရှပ်နဲ့သန့်သန့်လေး။တော်ရုံမပြုံးတတ်ပဲ ပြုံးပြီဆိုလျှင်လဲကြည့်ကောင်းသကိုး။တည်ကြည်ခန့်ညားပြီး မိန်းကလေးတစ်ယောက် အားကိုးလို့ရနိုင်တဲ့ အရည်ချင်းရှိသည်။

"ကိုဖွဲ့ကို ကျောင်းပြီးရင်လက်ထပ်မယ်နော်. .ကိုတို့ဘဝတစ်ခုကိုအတူတည်ဆောက်မယ် အတူသွား အတူလာ ခုလိုလဲ ခိုးခိုးပြီးမတွေ့ချင်တော့ဘူးကွာ"

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now