အပိုင်း၁၁

2.9K 239 14
                                    

"ဘယ်သွားနေတာလဲ"

"ရောက်ရင်သိရမှာပေါ့အန်တီရဲ့"

                                       အမေ့အိမ် မိဘမဲ့ဂေဟာ

"မိဘမဲ့ဂေဟာ"

"အင်း ဟုတ်တယ် သော် ကားလျောက်ပတ်စီးရင်း တွေ့ထားတာ အစက အန်တီ့ကိုပိတ်ရက်မှခေါ်လာမလို့"

"ဘာလာလုပ်မလို့လဲ"

"အော်..ကလေးတွေအတွက် စာကြည့်တိုက်နဲ့ အိမ်သာအသစ်ဆောက်ပေးဖို့ ကိုလှူမလို့"

"အော်..."

"ဆင်းလို့ရပါပြီ"

သော်နဲ့ဖွဲ့တို့ ကားပေါ်မှဆင်းကာ အဆောက်ဦးအတွင်းသို့ ဝင်လာခဲ့ကြလေသည်။

"ထိုင်ကြပါရှင်"

"ဟုတ်ကဲ့ ဟိုတစ်ခါ ကလေးတွေအတွက် လှူဖို့ ပြောထားတာလေ"

"အော် ဟုတ်ကဲ့ရှင် ခဏနော်"

"ဒီဖောင်လေးကိုတစ်ချက်ဖြည့်ပေးပါနော်.".

"ဟုတ်ကဲ့"သော်လဲ ဖောင်ဖြည့်နေလိုက်လေသည်။ အန်တီကတော့ စားပွဲမှာထိုင်နေသော အမျ်ုးသမီးနှင့် ဂေဟာအကြောင်းများပြောနေကြလေသည်။

"ဖောင်ဖြည်ပြီးပါပြီ"

"ဟုတ်ကဲ့"

"....."

"ဟိုလေ ဒါလေးကမှားရေးထားတာလားရှင်"ဟုပြောပြီး စာရွက်ရဲ့နေရာလေးတစ်ခုကိုလက်ညိုးလေးထိုးပြလေသည်။

"မမှားပါဘူး ရှင် အဲ့လိုလေးပဲရေးထားတာပါ"

"ဟို....ငြိမ်းရသော် မြတ်သူဇာဖွဲ့ဆိုတာကလေ"

ဖွဲ့လဲ သူမ၏ နာမည်ပါတာကြောင့် စာရွက်ကိုလှမ်းတောင်းလိုက်ပြီးဖတ်ကြည့်လိုက်လေသည်

အလှူရှင်အမည်-ငြိမ်းရသော် + မြတ်သူဇာဖွဲ့

                         -စာကြည့်တိုက်နှင့် အိမ်သာဆောက်လုပ်ရန်

အလှူငွေ            -သိန်းနှစ်ရာတိတိ

"သော်"

"ရှင်"

"ဒီလို အပေါင်းက မြန်မာတွေမှာ စုံတွဲ ဒါမှမဟုတ် ဇနီးမောင်နှံတွေမှထည့်ကြတာ"

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now