အပိုင်း၅

2.6K 215 7
                                    

ခုလောက်ဆိခုလောက်ဆိ ကြီးကြီးသံပုရာရည်​ဖျော်နေပြီထင်တယ်
ထမင်းစားခန်းသို့ဝင်လာလိုက်ပြီး

"ကြီးကြီး"

"ဟေ သမီးလေး ဘာစားချင်လို့လဲ ကြီးကြီးဘာလုပ်ပေးရမလဲ"

"မစားချင်ပါဘူးကြီးကြီးရဲ့ ဟိုလေ အန်တီ့ဖို့ သံပုရာရည်ဖျော်နေတာလား"

"ဟုတ်တယ်သမီးရဲ့"

"အန်တီကနေ့တိုင်းသောက်နေတာ ဝမ်းမလျောဘူးလား"

"အော်....တစ်ခါတစ်လေကျတော့လဲ အကုန်သောက်တာပေါ့ တစ်ခါတစ်လေကျတော့လဲ နည်းနည်းပဲ တစ်ခါမှမသောက်တာမျိုးလဲရှိတယ်လေ"

"အော်"

"ဖျော်ပေးရမှာက ကြီးကြီးတာဝန်ပဲလေ"

ကြီးကြီးလဲ အအေးဖျော်အပြီးသွားပို့ရန်ပြင်လေသည်။ကြီးကြီးလက်ထဲကအအေးခွက်ကို ယူလိုက်ပြီး

"သော်သွားပို့ပေးမယ်လေ"

"ပြန်ပေးပါသမီးရယ်...ဖွဲ့သမီးနဲ့ထပ်ရန်ဖြစ်ရင် ပြသနာတက်လိမ့်မယ်"

"သော်ရန်သွားမဖြစ်ပါဘူး စလဲမစဘူး တောင်းပန်မလို့ပါ နော်နော်...သွားပို့ပါရစေ"

ဘာလို့ အတင်းပို့ချင်နေလဲ ကိုကိုကိုယ်မသိတော့ပါ။သိတာကတော့ စက်စက်ထိမခံတဲ့ အန်တီ့ကို ထပ်စချင်သေးသည်။

"ဟုတ်ပါပြီ ဖွဲ့ကို တကယ်မစနဲ့တော့နော်"

"ဟုတ်ကဲ့ပါကြီးကြီးရဲ့"

သော်အပေါ်သို့တက်လာပြီးတံခါးခေါက်လိုက်လေသည်။

ဒေါက်.ဒေါက်
"ဝင်ခဲ့ပါ.... ဟင် ထပ်ပြီး မင်းပဲလား"

"ဟီးးးဟုတ်တယ် သော်ပါ"

"ကျွတ်...နောက်ဆို မင်းလာမပို့နဲ့ ကြီးနွဲ့ကိုပဲလာခိုင်း"

"ဘာလဲ မြင်ပါများပြီး falling in love တွေဖြစ်ကုန်မှာစိုးလို့လား"

"ဘာ...."မာကျောလှတဲ့အသံပင်ဖြစ်သည်

"အာ.... တအားအော်တာပဲ နားတွေကွဲတော့မယိ"

"ဒီမယ် မင်းငါ့ကို flirt နေတာများပြီး မင်းကငါမွေးရင် ငါ့သမီးအရွယ်ပဲရှိတာကို ဒီလိုမျိုးတွေပြောနေတာ မင်းလွန်နေပြီနော်"

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now