အပိုင်း၁၀

2.8K 209 9
                                    

သော်ကဖွဲ့ကို ကားနားရောက်သည်ထိ လက်ကိုမလွတ်တမ်းကိုင်လာခဲ့လေသည်။
ဖွဲ့ကိုယ်တိုင်ကလဲ ထိုလက်ကိုလွှတ်ချပစ်လိုက်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။
ကားပေါ်ရောက်မှ

"အန်တီ"

"ဟင်"

"သော်တောင်းပန်ပါတယ်နော် ဘယ်လိုလုပ်ရမှန်းမသိတာနဲ့ အခုလိုလုပ်လိုက်တာပါ ဆွဲထိုးမလို့ကိုအန်တီကတားလိုက်လို့ မဟုတ်ရင် အဲ့ဘဲ သွားတွေ ဘုရားဖူးလှည့်သွားလောက်တယ်"

"ဟားဟားဟားး"ဖွဲ့လဲထိုစကားကိုကြားပြီး ရီလေသည်။
အန်တီငါ့ကိုဒေါသထွက်မယ်ထင်တာ အခုတော့ရီနေပါလားနော်.ရီနေတော့လဲ တစ်မျိုးချစ်စရာကောင်းသား

"ဒါနဲ့ အဲ့ဘဲက အန်တီနဲ့ဘယ်လိုပတ်သတ်တာလဲ"

"မေးပြန်ပြီ မဆိုင်တဲ့ ကိစ္စတွေကို."

အန်တီရယ် ဆိုင်ချင်နေခဲ့တာကိုမသိဘူးလား..

"ဒီတိုင်းလေးသိချင်လို့ကို."

ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ ပတ်သတ်မှုကို သော်ကသိနှင့်ပြီသားဖြစ်လေသည်။

"အာ့..."ဖွဲ့ထံမှထွက်လာသော အာမေဋိတ်အသံပင်ဖြစ်သည်။

"ဘာဖြစ်လို့လဲ အန်တီ"

"လက်...ကျစ်"

"ပြပါအုံး"ဟုပြောပြီး အန်တီ့၏လက်လေးအားကြည့်လိုက်ရာ ဖြူအုနေသော သူမ၏ လက်ဖမိုးထက်၌ နီရဲနေလေသည်။မနေ့က drip ချိတ်ခဲ့ရတဲ့ဒဏ်နဲ့ အခု ဦးညဏ်လင်းထက်က လှမ်းဆွဲထားသောကြောင့် ဖြစ်သည်။

"ဟို...သော်တောင်းပန်ပါတယ်နော် drip ချိတ်ထားရတာကိုမေ့သွားတယ် တအားနာနေလားဟမ်"

"ဟင့်အင်း တစ်ချက်ပဲနာတာပါရတယ်"

"တကယ်လား"

"အင်းဆိုမှ"

"ဒါဆို  ဆေးခန်းဝင်အုံးမလား"

"ဆေးရုံဆေးခန်းပဲအတင်းပို့နေတော့တာပဲ ဘာမှမဖြစ်ပါဘူးဆို
အိမ်ပဲ ပြန်မယ်"

"ဟုတ်"

သော်လဲ အိမ်ကိုပဲမောင်း၍ ပြန်လာခဲ့လေသည်။
တစ်လမ်းလုံးတွင်မက အိမ်ရောက်သည်အထိ အူမြူးနေတော့သည်။
အန်တီ့ရဲ လက်ဖဝါးနုနုလေးကို တယုတယနမ်းလိုက်ရတဲ့ အခိုက်တန့်ဟာ ကမ္ဘာကြီးတစ်ခုလုံးရပ်တန့်သွားသလိုပါပဲ ရင်ထဲမှာ ပန်းတွေပွင့်သလိုခံစားရတယ် အန်တီကောဟင် အန်တီကော သော့်လို့ခံစားရရဲ့လား ခံစားချက်တွေအမြဲ ဖွင့်ဟမပြတတ်တဲ့အန်တီ သော်အန်တီ့စိတ်တံခါးကိုဘယ်လိုဖွင့်ရမလဲ ချစ်နေတာကို ချစ်တယ်လို့ဖွင့်ဟမရတဲ့ ခံစားချက် ဒီခံစားချက်အတော်ပင်ဆိုးပါတယ်

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now