အပိုင်း၂၈

1.8K 136 16
                                    

စပျစ်ခြံမှအိမ်ထဲသို့အရောက်မီးဖိုချောင်ထဲဝင်ကာ ထမင်းပွဲပြင်ပြီးမှ ဖွဲ့ရှိရာအပေါ်သို့တက်လာခဲ့သည်။စေ့လျက်အနေအထားဖြစ်ရှိတဲ့ ဖွဲ့ရဲ့အခန်းတံခါးကြောင့် မဝင်ရသေးပါပဲ တံခါးရှေ့မှမတ်တပ်ရပ်၍ အထဲရှိဖွဲ့က်ုငေးကြည့်နေမိသည်။Laptop ကို ခေါင်းအုံးခံ၍ ပေါင်ပေါ်တင်ထားသည့်အနေအထားပင်။စာကြည့်မျက်မှန်အဝိုင်းအကြီးကြီးကိုလဲတပ်ထားသေး။နှစ်ခေါက်လောက်သာခေါက်တင်ပြီးညှပ်စည်းထားတဲ့ဆံနွယ်ရှည်။မနက်ကလို ပျော့ခွေခွေအမျိုးသမီးပုံစံတော့မဟုတ်တော့ပေ။အကြာကြီးရင်ခွင်ထဲဝင်ကာခေါင်းတိုးငိုထားရသည်မို့ မျက်နှာပေါ်၌ ဝမ်း​နည်း ရိပ်လေးသန်းနေသေးသယောင်။သိလိုက်ရတာတစ်ခုကတော့ သူမဟာ.တစ်ယောက်ထဲဘဝကိုရပ်တည်နိုင်တဲ့အမျိုးသမီးကြီးဖြစ်သော်ငြား တစ်ခါတစ်လေဆိုရင်တော့ ရင်ခွင်ထဲတိုးချွဲနွဲ့ပြီးကလေးဆန်ချင်သည်ဆိုတာကိုပါပဲ။ဒါဟာ အမျိုးသမီးတိုင်းလို့တော့ ယူဆမိပါရဲ့။
တံခါးမခေါက်ရင်လဲစိတ်ဆိုးအုံးမည်ဖြစ်တာကြောင့် တံခါးက်ုသာအရင်ခေါက်၍ဝင်ရသည်။ကုတင်ဘေးကခုံမှာဝင်ထိုင်လိုက်ပြီး
"အနားယူဖို့လာတာမဟုတ်ဘူးလား အလုပ်တွေကိုခဏလောက်ရပ်ထားလိုက်ပါအန်တီရယ်."
ဖွဲ့မျက်မှန်ကိုချွတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ
"ဝင်ငွေထွက်ငွေမကိုက်လို့ပြန်စစ်နေတာပါ ခြံထဲကပြန်လာတာပေါ့"
သော်ခေါင်းသာငြိမ့်ပြသည်။
"မနက်ဖြန် မှပဲ ခြံထဲလိုက်တော့မယ် ညနေလဲမသွားချင်သေးဘူး"
"အင်း ထမင်းပွဲအောက်မှာပြင်ထားတယ် စားတော့မလား အစကတော့ ထမင်းစားဖို့လာခေါ်ချင်စိတ်ရှိပေမဲ့ ခုတော့ တကယ်ခေါ်ချင်စိတ်ပျောက်တာ"
"ကျွန်မဘာများလုပ်မိလို့လဲ ရှင်ကလဲ"
"လုပ်တယ်လေ သော်မသွားခင်ကအန်တီ့က်ုသေချာပြောခဲ့တာမဟုတ်ဘူးလား နားနားနေနေ​နေပါ အလုပ်မလုပ်မလုပ်ပါနဲ့အုံးဆိုတာကိုလေ အခုကြည့် ဝင်ငွေထွက်ငွေ စစ်တာတဲ့ ပိုက်ဆံတွေတွက်ရတာဘယ်လောက်ခေါင်းကိုက်တယ်ထင်လဲ ပြီးတော့ နေမကောင်းဖြစ်ရင်တောင်ဆေးရုံကမတက်ချင် ဆေးသောက်ခိုင်းရင်လဲ ဆေးတွေက်ုခ်ုးပြီးလွှင့်ပစ်ရတာနဲ့ နောက်ဆိုပြောစကားနားထောင်ပါ ဒေါ်မြတ်သူဇာဖွဲ့ရယ်"
တတွတ်တွတ်နှင့် စက်သေနတ်လွှတ်သလိုပင်။
ဖွဲ့တည်တည်ကြည်ကြည်နှင့်ပဲ ကုတင်ပေါ်မှထရပ်လိုက်ပြီး
"ပြီးပြီလား ဆူလို့"
"ပြီးပြီ"
"လာ ထမင်းသွားစားမယ်"
"ဟုတ်"
ဒီလိုပါပဲ သူမဟာကိုယ့်အပေါ် အဲ့သလိုသြဇာညောင်းလှတယ်။ကိုယ်တိုင်ကလဲနာခံချင်နေတာကို.။ဘယ်လောက်ပဲ စိတ်ကိုတင်းခံထားထား သူမရဲ့အမိန်ပေးတဲ့လေသံလေးတစ်ချက်ကြားရုံနဲ့ နာခံလျက်သား။နှလုံးသားရဲ့ ခိုင်းစေမှုသာဖြစ်ပါလိမ့်မည်။

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now