အပိုင်း ၃၂

3.7K 164 22
                                    

အခန်းတံခါးကို ဒုန်းကနဲအသံမြည်အောင်ဖွင့်လျက် ကုတင်ဘေးမှာထိုင်နေတဲ့ ဝတီ့ထံကိုငြိမ်းရသော်သွားသည်။
"ငါနဲ့လိုက်ခဲ့ ဝတီ"
"ဘယ်လဲ.."
ကြမ်းကြမ်းတမ်းတမ်းအဆွဲခံထားရတဲ့လက်မောင်းကိုရုန်းနေသည်။ရုန်း၍မရပါ။
"လိုက်ခဲ့ဆိုလိုက်ခဲ့စမ်းပါ"
တင်းမာနေတဲ့အခြေအနေကို အန်တီမျိုးဝင်တားလေသည်။
"ဘာတွေဖြစ်ကြတာတုန်း"
"ဝတီသိပါတယ် ငါနဲ့စကားအေးဆေးပြောရအောင်လား"
"အင်း ငါလိုက်ပေးမယ် ရှေ့ကနေသွား"
ထွက်သွားတဲ့နှစ်ယောက်ကိုကြည့်ရင်း မျိူးမျိူးဝေသက်ပြင်းအရှည်ကြီးချမိသည်။ကုတင်ပေါ်က ဖွဲကိုကြည့်ရင်လဲစိတ်မကောင်းရသလို စိတ်စိပ်စပ်ထိမခံဖြစ်နေတဲ့ ငြိမ်းရသော်ကလဲ အထိန်းအကွတ်မဲ့နေသလိုပင်။
"သတိပြန်လည်ပါတော့လား ဖွဲဲ့ရယ်"လို့ဆိုရုံကလွဲ ကျန်တာမစဥ်းစားနိင်တော့ပေ။သော့်ကိုထိန်းနိုင်သူမှာ ဖွဲ့ကလွဲမရှိပေ။

ဆေးရုံရဲ့ တိတ်တိတ်ဆိတ်ဆိတ်လူရှင်းတဲ့နေရာကို ငြိမ်းရသော် မြန်ဆန်တဲ့ခြေလှမ်းတို့ဖြင့်သွားသည်။ဝတီလဲထပ်ကြပ်မကွာလိုက်လေသည်။
"နင်ဘာလို့ လုပ်ရက်ရတာလဲဝတီ"
"ဘာကိုလဲ"
"မသိချင်ယောင်မဆောင်စမ်းနဲ့ ငါအကုန်သိပြီးပြီဝတီ"
"ငါစိတ်ရှုတ်လာပြီ နင်ဘာကိုသိတာလဲငြိမ်းရသော်"
နှစ်ယောက်ဟာ တင်းမာသောအနေအထားရှိလေသည်။
"အန်တီ့ရဲ့ ကားဘရိတ်ကြိုးကိုဖြတ်တာနင်မှတ်လား"
"ဘယ်လို ကားဘရိတ်ကြိုးဖြတ်တာ"
"မသိချင်ယောင်မဆောင်နဲ့ ဝတီ"
"အန်တီကလုပ်ကြံခံရတာလား"
"ဝတီ့!!"
ငြိမ်းရသော် ခပ်ကျယ်ကျယ်လေး ဟောက်လိုက်မိသည်။
"ငါလို့ဘာလို့ထင်ရတာလဲ ငါအဲ့လောက်စိတ်ဓာတ်အောက်တန်းမကျဘူး ငါကဘာအတွက်ဒါမျိုးလုပ်ရမှာလဲ"
"ဒါဆိုဘာလို့ အန်တီပြန်တဲ့ရက်မှာ နင်လိုက်ပြန်ရတာလဲ"
"ငါ အန်တီပြန်တာကိုမသိဘူးငြိမ်းရသော် ပြန်တာလဲမဟုတ်ဘူး ငါ့ကောင်လေးလာခေါ်တာ ရုတ်တရက်ပါသွားတာမို့ ရန်ကုန်ရောက်မှ ငါ အန်တီမျိုးကိုဖုန်းဆက်ရတာ"
"....."
"ဒီရက်ပိုင်းနင့်ကိုအရမ်းကပ်တယ်ထင်နေတယ်မှတ်လား နင်နဲ့ငါအရင်ကလဲ ဆက်ဆံရေးကဒီတိုင်းပဲလေငြိမ်းရသော် အဲ့နေ့ညကငါနင့်ကိုခေါ်သွားတဲ့bar က ငါ့ကောင်လေးရဲ့အကိုဆိုင်ပဲ တမင်ငါ့ကိုလာချော့အောင်လို့ငါသွားတာ နင့်ကိုခေါ်တယ်ဆိုတာ ငါယုံတာနင်ပဲရှိတယ် အဲ့နေ့ကမူးသွားခဲ့ရင်တောင် နင်ငါ့ကိုပြန်ပို့ပေးမှာပဲ တစ်ယောက်ထဲဆိုအဆင်မပြေနိုင်လို့ခေါ်ရတာပါ နင်အဲ့လိုထင်တာ ငါစိတ်မကောင်းဘူး"
"..."
"ငါသာ နင့်ကို ကြိုက်နေတာဆိုရင် ငါ့မှာကောင်လေးရှိတာကိုပြောမလား နင့်ကိုကော အန်တီနဲ့ငါအောင်သွယ်ပေးမလား ငါပြင်ဦးလွင်ရောက်တဲ့နေ့က တမင်သဝန်တိုအောင်နင့်ကိုငါဖတ်ခဲ့တာ မိန်းမတွေကလေ သဝန်တိုတဲ့အခါကျ ဟန်မဆောင်နိုင်ကြဘူး
နင်သိလားငြိမ်းရသော်... ငါအန်တီ့ကိုဖုန်းဆက်ပြီးတောင်းပန်ခဲ့သေးတာ accident မဖြစ်ခင်ညကပဲ ငါဖုန်းဆက်တောင်းပန်ခဲ့တာ"
ဝတီ့ရဲ့စကားများကိုနားထောင်လျက် စိတ်ပျက်စွာ ထိုင်ချလိုက်မိသည်။
"ဒါဆို ကြီးနွဲ့မြင်ခဲ့တယ်ဆိုတဲ့ နင်နဲ့တူတဲ့နငိမဟုတ်တဲ့အမျိုးသမီးကဘယ်သူဖြစ်နိုင်မလဲ"
"ငါနဲ့တူတယ်ဆိုတော့ ကြီးနွဲ့ကမျက်နှာကိုမြင်လို့လား"
"ခေါင်းစွပ်အကျီအနက်ရောင်နဲ့ဆိုတာပဲ မြင်တာတဲ့"
"ငါမှ အကျီ့အဝတ်အစားဆို အနက်တွေမဝတ်တာ နင်မသိဘူးလား နောက်ပြီး ငါဂါဝန်တွေအဝတ်များတာလေ"
"စိတ်ညစ်တာပဲသိတော့တယ်"
"ငါလဲအတူတူပါပဲ စိတ်လျော့ပါ အဖြေတစ်ခုခုရလာမှာပါ"
အခန်းထဲ နှစ်ယောက်လုံးပြန်ဝင်ကြတော့ အန်တီမျိုးက စိုးရိမ်တကြီး စောင့်နေလေသည်။ဝတီကပြုံးလျက် ခေါင်းငြိမ့်ပြမှ အန်တီမျိုးသက်ပျင်းအေးအေးချနိုင်လေသည်။
"အန်တီတို့ပြန်နားချင်နားကြလေ မိုးတောင်ချုပ်တော့မယ်"
"မနားပါဘူးကွယ်...တို့တွေလဲဖွဲ့အနားနေပေးချင်တာပေါ့ သော်လဲ အကြောဆေးဆက်သွင်းပြီးအေးဆေးနားပါ"
"ဟူးးးး"
လေပူတစ်ချက်မှုတ်ထုတ်လျက် ကုတင်ပေါ်၌သော်လှဲအိပ်လိုက်လေသည်။အန်တီမျိုးက drip set ကိုဆင်၍ အကြောဆေးသွင်းရန်ပြင်လေသည်။
အိပ်ဆေးပါထိုးပေးသည်မို့ ထိုညကသော်ကောင်းကောင်းအိပ်ပျော်သွားသည်။

You've reached the end of published parts.

⏰ Last updated: Apr 05, 2023 ⏰

Add this story to your Library to get notified about new parts!

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now