အပိုင်း၉

2.8K 241 5
                                    

..ဖွဲ့ကို special room ထဲပို့ပြီးမှ သော်တစ်ယောက်စိတ်အေးနိုင်တော့သည်။

အချိန်ကတော့ တစ်နာရီကျော်နေပြီဖြစ်သည်။ကုတင်ဘေးကခုံလေး၌ သော်ဝင်ထိုင်လိုက်ပြီး drip မချိတ်ထားတဲ့ ဘယ်ဘက်လက်လေးအား ဆုတ်ကိုင်ထားလေသည်။

"သမီး ကြီးကြီးစောင့်ပေးလိုက်ပါ့မယ် သမီးပြန်အိပ်လိုက်လေ"

"သော် အိပ်ပျော်မှာမဟုတ်ဘူးကြီးကြီး ဒီတိုင်းလေးပဲစောင့်နေချင်တယ်"

"အင်းပါ ကြီးကြီး တစ်ခုခုသွားဝယ်ပေးမယ်နော်.သမီးလေးလဲမောရောပေါ့"

"ဟုတ်ကဲ့"

သော်ကတော့ ဖွဲ့ရဲ့ လက်ကလေးကိုဆုတ်ကိုင်ထားပေးရင်း
မျက်နှာလေးကိုတစ်စိမ့်စိမ့် ကြည့်ရင်း အခန်းထဲ၌ကျန်ခဲ့လေသည်။

ခဏအကြာ ကြီးကြီး က ကော်ဖီဝယ်၍ ပြန်ရောက်လာ လေသည်။

"သမီး ကော်ဖီလေး သောက်ပါအုံး"

"ဟုတ်ကဲ့ ကျေးဇူးပါကြီးကြီး"

"သမီးအသိမြန်လို့ပေါ့ကွယ်.ကြီးနွဲ့ လဲ ပြာယာသွားတာပဲ"

"သော်လဲတူတူပါပဲ"

ကြီးကြီးကို စကားပြန်ပြောနေပေမဲ့ သော့်ရဲ့ အကြည့်တွေကတော့ ဖွဲ့တစ်ယောက်ဆီမှာသာ။

                                     ~~~~
မနက်မိုးစင်စင်လင်းတဲ့အထိ သော်တစ်ယောက် အိပ်လို့မရခဲ့ပါဘူး။ကြီးကြီးကတော့အိမ်ပြန်၍အဝတ်စားပြန်ယူလေသည်။

မနက် ဆယ်နာရီလောက်မှ ဖွဲ့ သတိပြန်ရလာသည်။

"အန်တီ အန်တီသတိရလာပြီနော်"

ဖွဲ့မျက်လုံးဖွင့်ဖွင့်ချင်း ပြာပြာသလဲ မေးနေသော သော်။

"အင်း"ဟုပြောပြီး ခေါင်းလေးသာငြိမ့်ပြလေသည်။.

"သော်douctor သွားခေါ်လိုက်အုံးမယ် ခဏလေးနော်".

                                              ~~~

"ဘာပြသနာမှမရှိတော့ပါဘူး လူနာကို အစားပုံမှန်စားခိုင်းပါ ပြီးတော့ ရေချိုးရင်လဲ အကြာကြီးမချိုးခိုင်းပါနဲ့အုံး စိုးရိမ်စရာဘာမှမရှိတော့ပါဘူး"

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Onde histórias criam vida. Descubra agora