အပိုင်း၂၉

2K 139 19
                                    

"အန်တီ"
"အန်တီရေ..."
နှစ်ခါလောက်အနားနားကပ်ခေါ်တာတောင် ပြန်မထူးပဲ laptop ကိုပဲအာရုံစိုက်နေတဲ့ဖွဲ့ကြောင့် နည်းနည်းအကြပ်ရိုက်သွားသည်။
"အန်တီလို့!!"
ဖွဲ့ရဲ့လက်နှစ်ဖက်နှင့်အတူခန္ဓာကိုယ်ကိုသိမ်းကြုံးဖတ်လိုက်လေသည်။ဖွဲ့ရုန်းသော်လဲ ရုန်း၍မတတ်နိုင်။
"လွှတ်စမ်း!!"
ငြိမ်းရသော်လွှတ်မပေး ဖတ်ထားရုံတင်မကပဲ ဖွဲ့ကိုပါမှိ၍ မျက်စိစုံမှိတ်ကာ မှေးနေသေးသည်။
"မလွှတ်ဘူး ဒီတိုင်းလေးနေချင်သေးတယ်"
"ဟိုကလေးမကို သွားဖတ်ပါလား"
"ဘယ်ကလေးမ"
"ခုဏက ကလေးမကိုလေ."
ဖွဲ့ဒါမျိုးစိတ်ကောက်တတ့သည်မှာ ပထမဆုံးအကြိမ်မဟုတ်။အပြင်အတူသွားလို့ ကောင်မလေးတွေကို သော်ကအရေးပေးမိရင် အဲ့သလိုပဲကောက်တတ်သည်။သိုသော် ယောက်ျားလေးတွေနဲ့တော့ သဝန်တိုရခြင်းတော့မရှိ။သော်ကယောက်ျားလေးတွေဆိုရင် ခပ်ချေချေပဲဆက်ဆံသည်မို့ဖြစ်သည်။
"တရားဝင် သဝန်တိုချင်လဲ ကြားချင်တဲ့စကားကိုပြောလိုက်ပါတော့လားအန်တီရယ်.."
"ဟင့်အင်း"
သော် ဖွဲ့ကိုဖတ်ထားတဲ့လက်တွေကိုဖယ်လိုက်ပြီး ကုတင်အောက်၌ပြောင်းထိုင်လိုက်သည်။ထို့နောက်ဖွဲ့ရဲ့ လက်ဖဝါးနှစ်ဖက်ကိုဆုတ်ကိုင်လိုက်လေသည်။ဖွဲ့ကတော့ သော့်ကိုမကြည့် နရံဆီကိုသာအကြည့်များလွှဲထားလေသည်။
"ဘာလို့ထပ်ချစ်ဖို့ကြောက်နေရတာလဲ အတိတ်ကအတိတ်ပဲလေ ဒီစကားလေးတစ်ခွန်းပြောဖို့ဘာလို့ခက်ခဲနေရတာလဲ"
ဖွဲ့မျက်ဝန်းမှမျက်ရည်စများဝဲတက်လာလေသည်။ဤမျက်ရည်တွေကိုကျမသွားအောင်ထိန်းသည်။သို့သော် မရပါ။သော့်ရဲ့ရှေ့ဆို ကိစ္စသေးသေးလေးကအစ မျက်ရည်ထိန်းမရ။ကျဆင်းလာတဲ့မျက်ရည်တွေကိုသော်က လက်မ လေးနဲ့ခပ်ဖွဖွသုတ်ပေးပြီး ခန္ဓာကိုယ်ကိုအနည်းငယ်ကြွလျက် ဖွဲ့ရဲ့နှာဖူးလေးကို ခပ်ဖွဖွနမ်းသည်။ဖွဲ့ကလဲ ခပ်ရေးရေးလေးပြုံးမိသည်။
"သော့်ကို အန်တီ့အပိုင်အဖြစ်လက်ခံပေးပါလားဟင်"
ဖွဲ့ရဲ့အကြည့်က သူမထံပြန်ရောက်လာသည်။မျက်တောင်လေးတွေကတော့မျက်ရည်စလေးတွေစိုစွတ်နေသေးသည်။မျက်ရည်ကျလိုက်တာနဲ့ ရဲတက်လာတတ်သော နှာခေါင်းလေးမှာလဲ ခပ်ရဲရဲ ေလးဖြစ်နေသည်။
"တို့ဘဝတစ်လျောက်လုံး ကိုယ့်အပိုင်ပါလို့သတ်မှတ်ပြီးရင် တစ်နည်းနည်းနဲ့ လွဲချော်ခဲ့ရတာကြီးပဲ သော်နဲ့တော့ အန်တီဝေးရမှာကြောက်တာမို့ မနီးစပ်ချင်ဘူးသော်ရယ်...."
ဖွဲ့သက်ပြင်းရှည်ရှည်တစ်ချက်ချလိုက်မိသည်။
"ချစ်ရမှာမကြောက်ပါဘူး ဝေးရမှာကိုကြောက်တာ"
သော် ဆုတ်ကိုင်ထားတဲ့ဖွဲ့ရဲ့လက်ဖမိုးလေးကို တစ်ချက်နမ်းလိုက်လေသည်။
"မနက်ရောက်လို့ အန်တီ့ကိုယ်သင်းရနံ့လေးနဲ့ အန်တီ့ရဲ့အပြုံးလေးကိုမြင်လိုက်ရပြီဆိုတာနဲ့ သော့်ရဲ့တစ်နေ့တာကပြည့်စုံနေပါပြီ"
တစ်စက်မှ အကြည့်ချင်းခွာမသွားတဲ့သော့်ရဲ့မျက်ဝန်းနက်နက်တွေကို ဖွဲ့လဲစိုက်ကြည့်နေရင်း အသက်ရှုရတာတောင်အနည်းငယ်ခက်သလိုပင်။
"အန်တီ့ဘက်က ဒီစကား လေးတစ်ခွန်းကိုပြောလိုက်တာနဲ့ ထပ်တိုးပြီး ခပ်ဖွဖွလေးနေ့တိုင်းနမ်းမယ် တစ်ခုခုဆို အမြဲတမ်းအေးနေတတ်တဲ့ ဒီလက်လေးကိုဆုတ်ကိုင်ထားပေးမယ် နောက်ပြီး တလောကလုံးကို ဒေါ်မြတ်သူဇာဖွဲ့က ငြိမ်းရသော်အပိုင်ပါလို့ ကြွားဝါပစ်ချင်တာမို့ သော်အန်တီ့ကိုချစ်တယ်"
"တော်တော့ ရှက်တယ်ဆို"
အကြည့်လွဲကာ ခေါင်းငုံလျက် ဖွဲ့ရဲ့ပုံစံကြောင့် ငုံသွားတဲ့မျက်နှာလေးကိုလိုက်ကြည့်နေမိသည်။
"အန်တီ"
"အင်း"
"ချစ်လားဟင်"
"အင်းးး"
ထပ်တိုး၍မျော်လင့်နေသေးတဲ့ သော့်ရဲ့ပုံစံကြောင့် ဖွဲ့လေပူတစ်ချက်ကိုအရင်မှုတ်ထုတ်လျက် အားတင်းကာ
"သိပ်ချစ်ပါရဲ့...မောင်"
ဒီစကားကိုကြားတော့ သော်မျက်လုံးလေးများဝိုင်းစက်သွားရသည်။စကားလုံးနှစ်လုံးကိုသာမျော်လင့်ခဲ့ပေမဲ့ အခုကြားလိုက်ရသည့်အဖြေကား မျှော်လင့်တာထပ်ကို ပိုနားဝင်ချိုလှသည်။
"မောင်!!! ဟုတ်လား"
"အို...သူပဲစစတွေ့တုန်းက အဲ့လိုခေါ်ဖို့ပြောဖူးလို့ဟာကို"
သူမ မှတ်ထားသည်တဲ့လေ။အဖြေကိုရပြီး မောင်လို့ခေါ်ဖို့ကျ ထပ်ကြိုးစားရအုံးမယ်ထင်ထားခဲ့တာ။
"ဒါဆို အချစ်မောင့်ကို နမ်းမလား"
"အင်း"
ဖွဲ့ ပြုံးလျက်ခေါင်းပါငြိမ့်ပြလေသည်။
သော့်ရဲ့ပါးပြင်နှစ်ဖက်ကိုလက်နှစ်ဖက်နဲ့ကိုင်လိုက်ပြီးဖြေးဖြေးချင်းရှေ့တိုးလာ​တော့ သော်အလိုက်အထိုက်ပဲ မျက်လုံးက်ုခပ်ဖွဖွမှိတ်ထားလိုက်လေသည်။
ပါးသို့မဟုတ် နှာဖူးတို့ကိုနမ်းမည်ထင်ထားခဲ့ပေမဲ့ ဖွဲ့က သော့်ရဲ့နှုတ်ခမ်းအစွန်အဖျားလေးကိုနမ်းသည်။ခပ်ဖွဖွနဲ့ တယုတယမျိုးဖြစ်သည်။
သော်မျက်လုံးနှစ်ဖက်ကိုပြန်ဖွင့်တော့ အောက်နှုတ်ခမ်းကိုကိုက့လျက် ရှက်နေသောအမျိုးသမီး။
ခုဆိုရင် အကြားချင်ဆုံးစကားကိုလဲ ကြားခဲ့ရပြီဖြစ်ပြီး အခေါ်ခံချင်ခဲ့တဲ့နာမ်စားကိုလဲ အခေါ်ခံရသည်မို့ ကြူးနူးရသည်။ပျော်ရသည်။အချစ်တွေများထပ်တူကျတဲ့အခါ ဤသို့ပါပဲလား။

အအိပ်စက်လှတဲ့သော်က အောက်ထပ်ကမွှေးနေသော မုန့်အနံ့ကြောင့် ချက်ချင်းနိုးကာ သဘတ်ကိုဆွဲယူပြီး အောက်ထပ်သို့ဆင်းလေသည်။
မီးဖိုချောင်ကိုကြည့်လိုက်​တော့ ဖွဲ့ကိုတွေ့သည်မို့ ရေချိုးခန်းထဲအရင်မသွားပဲ မီးဖိုချောင်ထဲဝင်လိုက်သည်။ထို့နောက် ဖွဲ့ကိုနောက်ကျောကနေသိမ်းကြုံးဖတ်လိုက်လေသည်။သူမထံကရနေကျ ရေမွှေးနံလေးကိုခပ်ပြင်းပြ်းရှုရှိုက်လိုက်သေးသည်။အဖတ်ခံလိုက်ရတဲ့ဖွဲ့ကတော့ သူအာရုုံနှင့်သူကြော်လှော်နေသည်မို့ လန့်ကာ တုန်သွားလေသည်။
"ဘာတွေချက်လဲ အချစ်"
"မချက်ပါဘူး ပေါင်မုန့်နဲ့ကြက်ဥကြော်ကြော်နေတာ"
"မောင့်အတွက်လား"
"နိုးနိုး ကျွန်မစားချင်လို့"
"မောင့်ကိုမကျွေးဘူးလား"
"ကိုယ့်ဖာသာကြော်စားပေါ့ရှင်..."
"ဟွန့်...ဒီကမောင်က စိတ်ကောက်ပစ်မှာ"
"ကဲပါ ရေသွားချိုး အဝတ်စားလဲဖို့အရင်လုပ်လိုက်အုံး အန်တီ့ဘာပဲလုပ်လုပ် မောင့်အတွက်ဆိုတဲ့အတွေးကအမြဲရှိပြီးသားမို့"
"ဟုတ်"
ဟုတ်လို့ပြောပေမဲ့ ဖတ်ထားတာကိုလဲမလွတ်သေး။ဆံထုံးအောက်က ဖွဲ့ရဲ့လည်တိုင်လေးကို တစ်ချက်ပြီးတစ်ချက် ဖြေးဖြေးလေးနမ်းနေသေးသည်။
"တော်တော့လို့"
သို့ပေတည်း သော်မရပ်ပါ။ထပ်နမ်းနေသေးသည်။
ဆံပင်လေးကိုနမ်းလိုက် လည်တိုင်လေးကိုနမ့းလိုက်နှင့် ဖွဲ့ပြောတဲ့စကားလဲ ကြားမည်မထင်။
"ကဲ မတော်သေးရင် ဒီယောက်မနဲ့ထုပစ်မှာနော်"
အသံကလဲမာသလို တကယ်လုပ်မလိုရွယ်တာမို့ သော်ရပ်လိုက်ရသည်။မဟုတ်လျှင်လဲ နာပေအုံးမည်။

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now