Chapter 1

5.8K 298 53
                                    

"အကိုကြီးနဲ့မမကြီး ကျွန်မကို ခေါ်တယ်ဆိုလို့ပါ......"

ခမ်းနားထည်ဝါလှတဲ့ ဧည့်ခန်းကြီးအလယ်မှာ ထိုင်နေတဲ့ အိမ်ကြီးရှင်သခင်ဇနီးမောင်နှံတို့ရှေ့မှာ ခပ်ရို့ရို့လေးရပ်နေတဲ့ အသက်၅၀ဝန်းကျင်အမျိုးသမီးတယောက်။

"ဪ....ဖေးရန်....ဟုတ်တယ်....လာထိုင်ပါဦး....."

အပြာနုရောင် ဇာအင်္ကျီကိုမှ ဒူးအတိမိုးပြာရောင်စကတ်လေးနဲ့ တွဲဖက်ဝတ်ဆင်ထားကာ မိက်ကပ်ပါးပါးလိမ်းခြယ်ထားတဲ့ စံအိမ်ကြီးရဲ့သခင်မဖြစ်သူက တရင်းတနှီးဖိတ်ခေါ်ပေမဲ့ ဖေးရန်မဝင့်ရဲပါချေ။

"ကျေးဇူးတင်ပါတယ် မမကြီး.....ဟို ကျွန်မကို ဘာအတွက်များ ခေါ်တာပါလဲရှင်....."

ရပ်မြဲအတိုင်းသာရှိနေသည့် ဖေးရန်ကို လင်မယားနှစ်ယောက်လုံး တချက်ကြည့်လိုက်ပြီး

"ဖေးရန်သားနဲ့သမီးက ‌အမှတ်ကောင်းကောင်းနဲ့အထက်တန်းအောင်ထားကြတယ်ဆို....."

အကိုကြီးဆိုသည့် အိမ်ကြီးရှင်သခင်က မပြုံးမရယ်မျက်နှာထားနဲ့မေးတယ်ဆိုသည့်တိုင် ရင်းနှီးမှုတွေက အတိုင်းသား။

"ဟုတ်ပါတယ် အကိုကြီး.....ကျွန်မကလေးတွေက ကျောင်းမှာ အမှတ်အများဆူံးရကြပါတယ်....."

ထိုသို့ဆိုနေသည့် ဒေါ်ဖေးရန်ကိုယ်တိုင်လဲ အိမ်ကြီးရှင်များရဲ့ ဆိုလိုရင်းကို နားမလည်သေးပေ။

"ကလေးတွေက ဘာဆက်တက်ကြမယ်သိတ်ကူးထားသလဲ ဖေးရန်....."

မမကြီးလို့ခေါ်သော အမျိုးသမီးရဲ့ အမေးကြောင့် ဒေါ်ဖေးရန်တယောက် မျက်နှာထပ်ဝယ် စိတ်မကောင်းသည့်အရိပ်ငွေ့တွေယှက်သိုင်းသွားရင်းမှ

"ရိုးရိုးစာပေးစာယူလောက်ဘဲ အလုပ်လုပ်ရင်း တက်ကြမယ်ပြောပါတယ် မမကြီး...."

ပညာထူးချွန်ကြကာ လိမ်မာအေးဆေးကြသည့် သားနဲ့သမီးရဲ့ မျက်နှာနုနုငယ်ငယ်လေးတွေကို ပြန်လည်မြင်ယောင်မိတော့ ကလေးတွေရဲ့ပညာရေးကိူ မကူညီနိုင်သည့်အတွက် သူမဘယ်လိုမှ ရင်ထဲမှာမကောင်းပါ။

"အို ဘယ်ဖြစ်မလဲ.....အမှတ်ကောင်းကောင်းနဲ့ အောင်ထားရဲ့သားနဲ့ အဝေးသင်တက်တာတော့ မဟုတ်သေးပါဘူး....ကလေးတွေက ဝါသနာပါတာများမရှိကြဘူးလား....."

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Waar verhalen tot leven komen. Ontdek het nu