Chapter 32

2.1K 201 47
                                    

နောက်ဆုံးမှ တက်လာသည့် ရှောင်းကျန့်ကိူ မြင်တော့ ဖန်ရှင်းဘေးမှာ ကပ်ထိုင်ရင်း အခြေနေကောင်းနေသည့် ယွီပင်းက မသိမသာလက်မထောင်ပြသည်။ရှောင်းကျန့်ကလဲ ပြုံးရင်း ခေါင်းငြိမ့်မိသည်။ခွေးကောင် ဒီလိူသာယာနေရရင် မျက်နှာကြီးကိူ ဖြီးလိူ့။

ပြူတင်းပေါက်ဘက် မျက်နှာလှည့်နေသော ကျိရန်ကို အမောင်ဟောက်ရွှမ်းတို့က ချစ်ခြင်းတေးအင်္လကာတွေ ရွှေနားတော်သွင်းနေကာ အ‌သဲအသန်ချော့မော့နေဟန်တူပေသည်။ဒီကောင်လဲ ကျိရန်နဲ့ မြန်မြန်အဆင်ပြေမှ နားအေးမှာ မဟုတ်ရင် လဒမှိုင်,မှိုင်နေတာမလား။

အနေအေးကာ စကားနည်းသော ဟိူက်ခွမ်းမှာ ပေါက်ပေါက်ဖောက်သလို ပြောနိုင်သည့် ကျင်းရိနဲ့အတူထိုင်နေရသည်။မျက်နှာကြီးရှုံ့မဲ့ကာ စကားများ‌သော ကျင်းရိကို တအင်းအင်းနဲ့ လိုက်ပြောနေပေးသည်။

အချစ်ကလေးနဲ့အတူထိုင်ကာ လေဟုန်စီးလို့ ဝေဟင်ခရီးနှင်ရမဲ့အရေးတွေးမိ‌သွားတော့ ရှောင်းကျန့်မျက်နှာကြီး ဝင်းပနေရှာသည်။အပြုံးတွေက သိပ်မကြာလိုက်ဘဲ မျက်နှာမှုန်ကုပ်ကြီးနဲ့ တယောက်ထဲထိုင်နေသည့် ညီတော်မောင်ကြောင့်

"Sean...ဘယ်လိုဖြစ်...."

‌သူ့ကိုတချက်သာမော့ကြည့်ပြီး စိတ်ပျက်သလိုနဲ့ အနောက်ခူံကို မျက်စပစ်ပြတော့ ရှောင်းကျန့်ပါ မျက်မှောင်ကုပ်သွားမိသည်။
ဒီလိုတော့ မဖြစ်ဘူးလေ....။

"အဟမ်း...ရိဖေး...."

မြေပုံစာရွက်ကို အတူကြည့်ကာ ခေါင်းချင်းဆိုင်နေသည့် ဝမ်မောင်နှမနားကို ‌ချက်ချင်းရောက်သွားသည့် ရှောင်းကျန့်က ခေါ်လိုက်မှ ခေါင်းလေးတွေ ပြိုင်တူထောင်လာကြကာ

"ဪ....ရှောင်းသခင်လေး...."

"ထိုင်ရတာ အဆင်ပြေရဲ့လား....ဒီမှာအဆင်မပြေရင် Seanနားသွားထိူင်လိုက်ပါလား....သူလဲတယောက်ထဲဖြစ်နေတာဆိုတော့ ရိဖေးနဲ့ဆိူ စကားပြောဖော်ရတာပေါ့...သွားလိုက်နော်...."

ရိဖေးကို အတင်းရောဇွတ်ရော Seanနားလွတ်နေသည့် ရှောင်းကျန့်က ညီလေးတယောက်ထဲ အဖော်မရှိမှာစိုး၍တော့ မဖြစ်နိုင်ချေ။သူရိပေါ်အနား ကပ်ချင်လို့ဆိုတာ ဗေဒင်မမေးနဲ့ ဆန်ကုန်တာပဲအဖတ်တင်မှာ။

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Where stories live. Discover now