Chapter 20

2.6K 232 103
                                    

နံရံနဲ့သူ့ကြားညှပ်ကာ ဘေးတဖက်ဆီမှာ လက်ထောက်ထားရင်း ရိပေါ်ကိုစိုက်ကြည့်နေသော ဘဝင်ရူးရှောင်းကိုကြည့်ရင်း အတွေများနေရ၏။

ရှောင်းအိမ်တော်က ပြန်လာပြီးနောက် အမဖြစ်သူ ရိဖေးအား ငိုရင်း ပြောပြခဲ့သည်။ရိ‌ေဖးက‌တော့ ရိပေါ်ကို ချော့မော့နှစ်သိမ့်ခဲ့ပေမဲ့ ထိုလူတွေနဲ့ ထပ်မပတ်သတ်လိုတော့တာမို့ ကျောင်းထွက်ဖို့သာ အားသန်နေတဲ့ရိပေါ်က ခြောက်မရချော့မရ။

အမားသိသွားရင် စိတ်မကောင်းဖြစ်ရလိမ့်မည်ဟု ရိဖေးရဲ့တဖွဖွအပြောကြောင့် သာ ဒီနေ့ကျောင်းပြန်ရလာပေမဲ့ ဘဝင်ရူးနဲ့တွေ့ရမဲ့အရေး ရင်ခုန်သလို ကြောက်လဲကြောက်မိသည်။

ကျောင်းဝင်းထဲခြေချထဲက ရိပေါ်မျက်လူံးတွေက ဟိုလူ့ကိုသာ ဝေ့ဝဲရှာမိသည်။သူ့ကိုရှောင်ရမလား။ဘာမှမဖြစ်သလို မျက်နှာချင်းဆိုင်ပြီးဘဲ နေရမလား။ခေါင်းထဲမှာ အတွေးပေါင်းများစွာနဲ့ တောင်စဉ်ရေမရဖြစ်နေဆဲမှာပင် အတင်းဆွဲလွှဲခေါ်လာခဲ့သည့် ထိုလူ။

"ဘာလို့ကျောင်းမလာတာလဲ...."

အတွေးလွန်နေသည့် ရိပေါ်တယောက် ရှောင်းကျန့်ရဲ့အသံကြားမှ ပစ္စပ္ပုန်ကိုပြန်ရောက်လာရသည်။

"မလာချင်လို့....ဘာပြောစရာရှိလို့ သေမလိုဆွဲခေါ်လာတာလဲ...."

"ဘာလို့ကိုယ်စာပို့တာကို မကြည့်တာလဲ...."

မျက်မှောင်ကြီးကျုံ့ရင်း မေးလာသည့် ရှောင်းကျန့်က အရင်ပုံစံနှင့်မတူတာမို့ ရိပေါ်စိတ်ထဲထင့်သွားမိသည်။

"မကြည့်ချင်လို့ မကြည့်တာ...."

မျက်လုံးလေးလှန်ကြည့်ကာ တခွန်းမကျန်ကန့်လန့်တိုက်ဖြေနေတဲ့ ပေါက်စလေးကြောင့် ရှောင်းကျန့်သဘောတကျပြုံးမိသွားသည်။

လူကိုစူးစူးစိုက်စိုက်ကြည့်ပြီး နှုတ်ခမ်းအောက်က မှဲ့နက်လေးထင်းနေအောင် ပြုံးနေသည့် ဘဝင်ရူးက ချော‌တာတော့ တော်တော်ကိုချောသည်။ရုပ်ရည်ကလဲ အလန်းစား၊အရပ်ကြီးကလဲ မိုးထိုးလို့၊စမတ်ကျတဲ့အဝတ်အစားအပြင်အဆင်နဲ့ တွဲဖက်လိုက်တော့ ရုပ်ရှိရေလျှံသခင်လေးအဖြစ် အပစ်ပြောစရာမရှိအောင် ခန့်ညားပြည့်စုံနေသည်။သိူ့သော် ရိပေါ်ကိုတော့ မမှီဘူးပေါ့လေနော်။

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Onde histórias criam vida. Descubra agora