Chapter 30

2.2K 205 35
                                    

"ငါနဲ့ မလေး ချစ်သူတွေဖြစ်သွားကြပြီ ရှောင်းကျန့်....."

တသက်နဲ့တကိုယ် ယောင်လို့တောင် တခါမှ မဝင်ခဲ့ဖူးသော ရှောင်းကျန့်အခန်းထဲရောက်နေသည့် Seanက ခုတင်ပေါ်မှာ အကျအန‌ဝင်ထိုင်ပြီး အဝတ်စားလဲဖို့ပြင်နေသော အကိုဖြစ်သူကို ကြည့်ရင်း ဆိုသည်။

"သိသားပဲ...အဲ့တော့ ငါကဘာလုပ်ရမှာတုန်း....ငါ့ညီလေးတော်လိုက်တာဆိုပြီး ချီးကျူးပေးရမှာလား...."

အဝတ်စားလဲနေရင်းမှ မလိုတမာအသံကြီးနဲ့ ပြောလာသည့် ရှောင်းကျန့်အား Seanက ခပ်ဟဟရယ်မောကာ

"ငါ့ကိုချီးကျူးဖို့ထက် မင်းသာ အဆင်ပြေအောင်လုပ်စမ်းပါ....အကူညီလိုရင်ပြော....နောက်ဆို ငါတို့ကမယားညီအကိုတွေဖြစ်ကြတော့မလား....အခုထဲက စည်းလုံးသင့်တာလေ...."

Seanရဲ့ ခနိုးခနဲ့အ‌ ပြောကြောင့် ရှောင်းကျန့်အောင့်သက်သက်ဖြစ်သွားပေမဲ့ မယားညီကိုဆိုသည့် အသူံးကြောင့် မျက်နှာခန့်ချောကြီးမှာ ချက်ချင်းပြုံးအီသွားရသည်။

ပြောအားရှိနေသည့် seanအား အမြင်ကတ်မိသလို အခုထိမတုန်မလှုပ်ရှိနေသေးသည့် သဲငယ်ကြောင့်လဲ ရှောင်းကျန့်အားမလိုအားမရဖြစ်မိသည်ကအမှန်ပင်။

သဲငယ်က သူ့ကိုသဘောကျနေတာလား သဘောမကျတာလား ရှောင်းကျန့်မဝေခွဲတက်ပါ။သူပေးသမျှအကြင်နာတွေအယုယတွေကို လက်ခံနေပေမဲ့လဲ ချစ်လားလို့မေးလိုက်လျင် အဓိပ္ပါယ်ဖော်မရတဲ့ မျက်ဝန်းလေးတွေနဲ့သာ ပြန်ကြည့်ရင်း အင်းမလှုပ်အဲမလှုပ်။

ကြာတော့ ရှောင်းကျန့်ရူးချင်လာသည်။လူတယောက်ကိုချစ်ရတာ အဲ့လောက်ရူးသွပ်စရာကောင်းသည်တဲ့လား။

"Sean...မင်းငါ့ကိုတကယ်ကူညီမှာလား....."

ရှောင်းကျန့်အမေးကို Seanကခေါင်းငြိမ့်ပြပြီး ဘာလဲဆ်ုသည့်ပုံနဲ့ မေးဆတ်ပြတော့

"ငါတို့ခရီးအတူသွားရအောင်...."

"မသွားချင်ပါဘူး....ငါကဘာလို့ မင်းနဲ့ခရီးအတူသွားရမှာလဲ....သွားချင်းသွား ငါ့မလေးနဲ့ပဲ သွားမှာပေါ့....."

မဆိုင်းမတွနဲ့ပင် ချက်ချင်းခေါင်းခါငြင်းဆန်သည့် သကောင့်သားအား ဆွဲထိုးပစ်လိုက်ချင်သည်။အားနေ ငါ့မလေး ငါ့မလေးနဲ့ ပါးစပ်ဖျားကမချဘူး....တော်တော်ဖြစ်ပြနေတာ။

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Where stories live. Discover now