Chapter 14

2.1K 224 42
                                    

"မမနော်....ဘာဇာတ်လမ်းတွေ လုပ်နေပြန်ပြီလဲ....သူငယ်ချင်းတွေလို့မပြောနဲ့....နင့်ဘက်ကမဟုတ်ရင်တောင် တဖက်လူက အသိသာကြီးကို လာနွယ်နေတာ....ငါအမားနဲ့တိုင်မှာဗျ...."

Bus‌ပေါ်မှာတုန်းကလဲ စူပုတ်ပုတ်နဲ့ရှိနေသလို ကားပေါ်ကဆင်းဆင်းချင်း စကားအရှည်ကြီးပြောကာ သူမကိုခြိမ်းခြောက်နေသည့် မောင်ငယ်လေးရဲ့ မျက်နှာနုနုလေးကိုသာ ဘာမှမပြောဘဲ သူမငေးစိူက်ကြည့်နေမိသည်။

"တခုခုပြန်ဖြေလေ....ဘာလာကြည့်နေတာလဲ....မှန်ကြည့်စရာမလိုတဲ့ ငါတို့ကတရုပ်ထဲ..."

ဘောက်ဆတ်ဆတ်အပြောလေးနဲ့အတူ မျက်မှောင်လေးကျုံ့ကာ နှုတ်ခမ်းလေးပါ ထော်နေသေးသည့် မောင်လေးကို ပြုံး၍စိုက်ကြည့်နေမိသော သူမမှာ ချစ်မဝစွာ။

"ငါ့မောင်လေး အူတိုတာ ချစ်ဖို့ကောင်းလွန်းလို့ ကြည့်နေတာပါအေ....တကယ်ပဲ ဘဲပေါက်လေးကျနေရော....ချစ်ဖို့ကောင်းလိုက်တာ...."

ရိပေါ်ရဲ့ ပါးပြင်မို့မို့တဖက်ကို ရိဖေးက အသဲယားစွာနဲ့ ဖျစ်ညစ်လိုက်တော့

"အ...နာတယ်ဟ....အားနေဒီပါးဘဲလာဆွဲနေတာ....ငါပါးဖောင်းသလို နင်လဲပါးဖောင်းတာပဲ....ကိုယ့်ပါးကိုဆွဲပါလား...."

"ငါ့ထပ် နင်ကပိုချစ်ဖို့ကောင်းတယ်ဟဲ့...."

နှာခေါင်းလေးရှုံ့ကာ ပြောလာသည့်ရိဖေးစကားကြောင့် ရိပေါ်မျက်ဖြူလန်ပြလိုက်သည်။တရုပ်ထဲတပုံစံထဲကိုမှ တမူးပိူရှုချင်နေတဲ့ အမကို လျစ်လျူရှုရင်း

"မမ...ငါသွားတော့မယ်....နောက်ကြရင် ဟိူမကောင်းတဲ့လူကြီးက ပြောနေလိမ့်မယ်....ညနေ‌ကျောင်းဆင်းကြမှ ပြန်တွေ့မယ်...."

သူမကိုတာ့တာပြရင်း ခပ်သုတ်သုတ်လမ်းလျှောက်သွားသည့် ဝမ်လေးရဲ့ ကျောပြင်ငယ်ကို ကြည့်ကာ ရိဖေးမျက်ရည်တို့က ဝိုင်းလာရ၏။

ထို့နောက် ဆုံးဖြတ်ချက်တစုံတရာကိူ ချလိုက်သည့်ဟန်ဖြင့် ခပ်ရေးရေးလေးပြုံးကာ ဆေးကျောင်းရှိရာ လမ်းမကို ကျောခိုင်းလို့ ကျောင်းဝန်းအပြင်ကို လှည့်ထွက်လာခဲ့သည့် ခြေလှမ်းတို့က အားမာန်အပြည့်နှင့်ပင်။

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Waar verhalen tot leven komen. Ontdek het nu