Chapter 16

2.1K 227 108
                                    

မိုးအေးအေးလေးနဲ့ နှင်းဆီရောင်စုံတွေ ပွေ့ပိုက်ရင်း အိမ်ထဲဝင်လာတဲ့ ရိပေါ်မှာ  ပန်းအိုးလေးကိုလှလှပပထိုးဖို့ စိတ်ကူးလေးနဲ့အတူ သီချင်းလေးတညည်းညည်းနဲ့ ဝင်လာခဲ့သည်။

"ဝမ်မျိုးရိုး....."

ရုတ်တရက်ကြီးထွက်လာတဲ့ အသံကြောင့် ရိပေါ်ကိုယ်လုံးလေး တုန်တက်သွားရကာ အသံလာရာကို ဝေ့ဝဲကြည့်မိတော့

"သခင်လေးရှောင်း......"

ဆိုဖာပေါ်မှာ မိန့်မိန့်ကြီးထိုင်လို့ ဘယ်အချိန်က နိုးလာလဲမသိတဲ့ ‌ဘဝင်ရူးရှောင်းကြောင့် သရဲတစ္ဆေကို အရှင်လတ်လတ်တွေ့လိုက်ရသည့်နှယ် ရိပေါ်မျက်လူံးပြူးသွားရပြီး ချက်ချင်းခေါင်းငုံ့ချလိုက်ရသည်။စိတ်ထဲမှာလဲ ရတက်မအေးနိုင်ပါ။

"ဒီနားလာခဲ့....."

ထိုင်ရာကမထဘဲ အမိန့်ဆန်ဆန်ခေါ်နေတာကြောင့် ရိပေါ် ခေါင်းကိုတက်နိုင်သမျှငုံ့ကာ တရွေ့ရွေ့တိုးသွားလိုက်တော့ ဟပြဲဖြစ်နေသည့် ရင်အုပ်ကြီးရယ်၊အမွှေးမျှင်တွေရှိနေသည့် ခြေသလုံးတို့ရယ် အချက်ချင်းအကြည့်လွဲရပြန်သည်။

"ဒီပန်းတွေက ဘယ်သူ့ခွင့်ပြုချက်နဲ့ခူးခဲ့တာလဲ....."

"ဟိူ...သ..သခင်မကြီးက ခိုင်းခဲ့တာမို့ပါ...."

ရှောင်းကျန့်ကို စမြင်လိုက်တော့ ပြူးကျယ်ဝိုင်းစက်သွားတဲ့ မျက်ဝန်းညိုညိုလေးတွေက သိပ်ကိုလှလွန်းတယ်ဟု စိတ်ထဲက‌ နေမှတ်ချက်ပေးမိသည်။

"အင်း...ထားပါတော့....ငါ့အတွက်မနက်စာကို အခန်းထဲလာပို့ပေး....."

"ဟုတ်ကဲ့ပါ သခင်လေး.....ပို့ခိုင်းလိုက်ပါ့မယ်....."

ဝမ်ပေါက်စရဲ့ အဖြေကြောင့် ရှောင်းသခင်လေးရဲ့မျက်နှာခန့်ချောကြီးမှာ အလိုမကျမှုတွေ ယှက်သိုင်းသွားရပြီး

"ဘယ်သူ့ကို ပို့ခိုင်းဦးမှာလဲ....မင်းကိုယ်တိူင်လာပို့ဖို့ပြောနေတာ....."

ဘုရားရေ....ရိပေါ်က သွားပို့ရမှာလား....မမပြောတော့ မနက်စာကို ဘဝင်ရူးက အိမ်မှာမစားဘူးဆို....ဟင်းးးးးး...။

ရှောင်းကျန့်မှာ သူ့ရှေ့ရပ်နေတဲ့ ဝမ်ပေါက်စရဲ့မျက်နှာလှလှလေးက ရှုံ့မဲ့နေသလို သက်ပြင်းတချချနဲ့မို့ ရှောင်းကျန့်မှာ သဘောတွေကျနေရသည်။ပေါက်စလက်ထဲက နှင်းဆီဖူးဖူးလေးတပွင့်ကိုဆွဲယူလိုက်ပြီး

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Where stories live. Discover now