Chapter 11
2.1K 222 31
"သခင်လေး....ကျနော့်ကို ဘာခိုင်းမှာလဲဟင်....မြန်မြန်ခိုင်းပါလား အတန်းချိန်စခါနီးနေပြီမို့လို့......"
ရိပေါ်ကို အရှေ့တည့်တည့်မှာ ရပ်ခိုင်းထားပြီး သူတို့ချင်းလေကောင်းနေတဲ့ ရှောင်းဘဝင်ရူးကိူ အချိုသာဆုံးပြောနေမိသည်။ရှောင်းကျန့်ကတော့ အာရုံနောက်တယ်ဆိုတဲ့ အကြည့်တခုနဲ့သာ စိုက်ကြည့်ပေးလိုက်မှ ရိပေါ်ပါးစပ်အော်တိုပိတ်သွားရသည်။
စိမ်းပြာရောင် စပို့ရှပ်လေးနဲ့ ရှားရင့်ရောင်ဘောင်းဘီရှည်လေးတွဲဝတ်ထားတဲ့ ကောင်လေးက စတိုင်လ်တကျဝတ်ထားဟန်မတူပေမဲ့ ကြည့်လို့အဆင်ပြေနေသည်။မျက်နှာသွယ်သွယ် နှာတံလူံးလူံးလေးကိုမှ ပါးပြင်မို့မို့တို့ပါ ရှိနေတာကြောင့် ချစ်စရာကောင်းသည့်ဘက်ကို တော်တော်ရောက်သည်ဟု ဟိုက်ခွမ်းတွေးလိုက်မိ၏။
"ကိုယ့်သဘောလေ....ကိုယ်ခိုင်းချင်တဲ့အချိန် ခိုင်းမှာပေါ့.....ဝမ်မျိုးရိုးက ကိုယ့်ကို အမိန့်ပေးချင်နေတာလား....ဒါမှမဟုတ် ကိုယ့်အနားမနေချင်တာလား...."
ရှောင်းကျန့်က ကားကိုနောက်ပြန်မှီကာ ခပ်မိန့်မိန့်လက်ပိုက်လို့ ပြောလာတော့ ရိပေါ်မှာ ပြာပြာသလဲ အယူခံဝင်ရပြန်သည်။
"ဗျာ...အဲ့..အဲ့လိုသဘောနဲ့ မဟုတ်ပါဘူး....ကျနော်ပြောချင်တာက အတန်းတက်ရဦးမှာမို့ပါ...."
"တက်ရမှာပါ ဘာတွေလောနေတာလဲ....ပြောထားရဦးမယ်.....ကိူယ်နဲ့ မနီးမဝေးမှာ ရှိနေပါစေ....ခေါ်လိုက်တာနဲ့ ချက်ချင်းရောက်လာခဲ့တာဘဲ ဖြစ်ချင်တယ်....နောက်ဆုံးတခုက ကိူယ့်ဆီက ကြေအေးမှုကို လိုချင်ရင် အကောင်းဆူံးကြိုးစား....အခုလောလောဆယ်တော့ ဒါသိမ်းထားလိုက်ဦး....."
သူပြောချင်ရာပြောပြီးတာနဲ့ ဘောင်းဘီအိတ်ထဲက  မီးခြစ်ကို ထုတ်ကာ ရိပေါ်လက်ထဲကို ထိုးထည့်ပေးလာတော့ ယောင်နနနဲ့ လှမ်းယူထားရသည်။ လက်ထဲရောက်လာတဲ့ ရွှေရောင်နဲ့အနက်ကို ရောစပ်ထားပြီး အီဂျစ်နတ်ဘုရားလိုပုံစံထွင်းထားသည့် ခပ်ပြားပြားအရာလေးကိုတလှည့် ရှောင်းကျန့်ကို တလှည့် ကြည့်လိုက်မိသည်။
"မပျောက်စေနဲ့ ဝမ်မျိုးရိုး....အဲ့ဒီ lighterက $200ကျော်တယ်.... မင်းတို့မိသားစုရဲ့ တလစာမကဘူး...."