Chapter 24

2.2K 219 79
                                    

သစ်ပင်များ၊ပန်းပွင့်များ၊စိမ်းစိုနေသော မြက်ခင်းပြင်ကျယ်တို့ကြားမှ လေပြေညှင်းလေးက တရွေ့ရွေ့ဖြတ်သန်းနေသည်။ကန်ရေပြင်ကို ဖြတ်သန်းလာတဲ့ ရေငွေ့ပါတဲ့ အေးစိမ့်စိမ့်‌လေပြေတွေထဲမှာ အိမ်မက်တွေက တဖွဲဖွဲပါ၏။

နေရောင်ခြည်နွေးနွေးက သစ်ရွက်တို့ကြားကနေ အတူယှဉ်တွဲလို့ လျှောက်လမ်းလာကြသော Seanနဲ့ ရိဖေးတို့ကိုယ်ပေါ်သို့ တစက်တပျောက်ထိုးကြနေသည်။လေပြေလေညှင်းလေးတိုက်ခတ်သည့်အခါ ရိဖေးဆံနွယ်ဝါဝါကိုက တလွင့်လွင့် လှုပ်လှုပ်ရှားရှားနဲ့ ဝေ့ဝဲနေသလို သူမကိုကြည့်နေမိသော Seanရဲ့ နှလုံးသားအစုံမှာလဲ ထိုနည်းတူစွာ။

"မလေး...." "အကိုSean...."

ခေါ်သံနှစ်ခုက ထပ်တူကျသွားသဖြင့် ရိဖေးက ခပ်တိုးတိုးရယ်မောသည်။တွေ့မြင်ရသူကိူ စိတ်အေးချမ်းစေတဲ့ အလှပိုင်ရှင်လေးက လှပစွာရယ်မောပြန်တော့ ပန်းပွင့်လေးတွေ မနာလိုဖြစ်ရချေရဲ့ မလေး....။

"မလေးအရင်ပြောပါ...."

မိန်းကလေးမို့ ဦးစားပေးသည့်အနေနဲ့ Seanက ဆိုလိုက်တော့ ရိဖေးက ခေါင်းငြိမ့်ပြသည်။

"အကိုSean ကျွန်မကို တကယ်ချစ်တာ ဟုတ်ရဲ့လား....တခဏတာလား...."

ရိဖေးရဲ့ မယုံသလိုမေးခွန်းက ပြုံးယောင်သမ်းနေတဲ့ Seanမျက်နှာကို ချက်ချင်းညိုးနွမ်းသွားစေသည်။

"ဘယ်လိုများ မေးရက်တာလဲ မလေးရယ်....ကျနော် မလေးကို ချစ်တာ တခဏအတွက်မဟုတ်ပါဘူးဗျာ....ကျနော့်တဘဝလုံးအတွက် လက်တွဲဖော်အဖြစ် ရွေးချယ်ထားတာပါ...."

မျက်နှာမကောင်းသည့် Seanကို ကြည့်ရင်း ရိဖေးရင်ထဲသိူ့ အမည်ဖော်ရခက်တဲ့ ဝေဒနာတရပ်က စိမ့်တင်ပျံ့နှံ့လာသည်။

"ကျွန်မကသေချာအောင်မေးကြည့်တာပါ....အကိုSeanသိတဲ့အတိုင်းဘဲ ကျွန်မတို့က ဆင်းရဲတယ်....ရေရှည်လက်တွဲဖို့ဆိုရင် အကိူSeanအနေနဲ့ အဆင်ပြေမှာမဟုတ်လောက်ဘူး....ပြီးတော့ ရှောင်းသခင်မကြီးကလဲ အိမ်ကအခိုင်းအစေရဲ့ သမီးနဲ့ကြည်ဖြူနိုင်မှာ မဟုတ်ဘူးလေ....."

"မဟုတ်ဘူး မလေး....ကျနော်မလေးကို ချစ်တာ ချမ်းသာတာတွေ ဆင်းရဲတာတွေနဲ့ ဘာမှမသက်ဆိုင်ဘူး....မလေးဖြစ်နေလို့ကို ကျနော်ချစ်တာ....စည်းစိမ်းဥစ္စာဆိုတဲ့ သက်မဲ့အရာတွေမပြောနဲ့....မလေးနဲ့ တရုပ်ထဲတူတဲ့ ရိပေါ်ကို မြင်ရင်တောင် ကျနော်ရင်ခုန်လှုပ်ရှားတာမျိုးမရှိဘူး.....သူက ကျနော်ချစ်တဲ့ မလေးမဟုတ်ဘူးလေ......"

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Tahanan ng mga kuwento. Tumuklas ngayon