Chapter 35

2.2K 185 76
                                    

"အဲ့ဒါက ဘာလုပ်နေကြတာလဲ....ဟမ်....လာခဲ့စမ်း...."

မနေ့ညကမှ အဖြေရထားတဲ့ အသစ်စက်စက်ပူပူနွေးနွေးချစ်ရသူလေးနဲ့အတူ first dateကို ကြည်နူးမယ်ဟု စီစဉ်ထားတဲ့ ရှောင်းကျန့်ခမျာ ‌မြင်လိုက်ရသော မြင်ကွင်းကြောင့် မျှော်လင့်ချက်ကလေးမှာ ခွမ်းခနဲမြည်အောင် မြေခသွားရသည်။

"The boy is mine...."

ဘီကီနီဝတ်ထားသော နိုင်ငံခြားသူတယောက်ရဲ့ကျောကို sunscreenလိမ်းပေးနေတဲ့ ရိပေါ်ကို သူ့နား‌ ရောက်အောင် ဆွဲခေါ်လိုက်ပြီး ပုခုံးကနေသိုင်းဖက်ထားရင်း ထိုအမိကို ‌ကြည့်ကာ အောင်နိုင်သူကြီးလို တခြမ်းစောင်းအပြုံးကြီးနဲ့ ပြောချလိုက်သည်။

"Oh...I'm so sorry...."

တဖက်လူရဲ့အပြောကိုဘာမှ ပြန်မပြောတော့ဘဲ ချစ်သူလေးကိုသာ ဆွဲခေါ်လာခဲ့တော့သည်။နဲနဲဝေးဝေးက ထီးရိပ်အောက်ဝင်ထိုင်မိတော့မှ

"ဘာလို့ အတင်းဆွဲလာတာလဲ....ဒီမှာသူများဟာကြီးပါ ယူခဲ့သလိုဖြစ်နေပြီ....အားနာစရာကောင်းလိုက်တာ အဆုံးထိတောင်မကူညီခဲ့ရဘူး ....."

လက်ထဲပါလာတဲ့ ဗူးကိုပြကာ စူပုတ်ပုတ်လေးဆိုရင်း ဟိူအမိကို သံယောဇဉ်မကုန်စွာလှမ်းကြည့်နေသည်မို့ ရှောင်းကျန့်မှာ စိတ်တိုသွားရသည်။အင်္ကျီကို ခေါင်းကနေမ,ချွတ်လိုက်တော့ ရိပေါ်က သူ့ကို မျက်လုံးအပြူးသားနဲ့ကြည့်နေပေသည်။

"တအားကို ကူညီချင်နေတယ်ပေါ့လေ ဟုတ်လား...."

တခြမ်းစောင်းလေဖြတ်အပြုံးကြီးနဲ့ ရိပေါ်နားတိုးကပ်လာသည့် ရှောင်းကျန့်ကြောင့် ရိပေါ်ကိုယ်လေးကို နောက်သို့ ယို့လိုက်မိသည်။‌ရှောင်းကျန့်က ဘာမပြောညာမပြောနဲ့ ရိပေါ်ကို ကျောပေးထိုင်ချလိုက်ပြီးမှ

"မောင့်ကိုလိမ်းပေး....တအားတွေသဘောကောင်းပြီး ကူညီချင်တဲ့ သဲငယ်လေးက မောင့်ကို ကူညီနော်...."

*လိမ်းပါလား ကိုယ့်ဘာသာ....ဟိုက ချောချောလှလှစကီလေးမို့ အကူညီပေးတာကို....*

ကျောပြောင်ကြီးနဲ့ ရှောင်းကျန့်ကို နောက်ကနေ ကြည့်ရင်းစိတ်ထဲက ပြောပစ်လိုက်မိသည်။အပြင်မှာထုတ်ပြောရင် ဒီလူကစိတ်သိပ်မှန်တာမဟုတ်ဘူးလေ....အဲ့တော့ ကိုယ့်အန္တရာယ်ကိုယ် ကြည့်ရှောင်ထားရမှာ....။

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Where stories live. Discover now