Chapter 36

2K 202 87
                                    

စနေ့နေ့ကျောင်းပိတ်ရက်ဖြစ်သလို အလုပ်ပိတ်ရက်လဲဖြစ်တာကြောင့် ရှောင်းအိမ်တော်မှာ အိမ်သားတွေအကုန်စူံနေကြသည်။မနက်က breakfastဝိုင်းမှာ ပြောစရာရှိလို့ပါဟုဆိုလာသည့် သားတော်နှစ်ပါးကြောင့် ရှောင်းသခင်ကြီးမှာ golfရိုက်မထွက်နိုင်သေးဘဲ ဧည့်ခန်းမှာ ဇနီးဖြစ်သူနဲ့ စကားပြောရင်း စောင့်နေမိသည်။

ခဏအကြာတွင် ‌သူတို့ရှေ့မှာ ဝင်ထိုင်ကြသော သားနှစ်ယောက်ကြောင့် ဇနီးသည်နဲ့စကားပြောခြင်းကို ရပ်ကာ သား‌တွေပြောလာမဲ့စကားကိူ အသာနားစွင့်နေသည်။တော်တော်ကြာသည်အထိ မင်းပြော ငါပြောနဲ့ ခေါင်းရှောင်နေကြတဲ့ သားနှစ်ယောက်ကြောင့်

"ဒီတသက်မင်းတို့က ပြောကြဦးမှာလား...."ဟု ခပ်မာမာဟောက်လိုက်မှ Seanက

"ဒီလိုပါ daddy....ရှေ့မျက်နှာနောက်ထားပြီးပြောရရင် သားမိန်းမယူချင်လို့ပါ....အဲ့ဒါ daddyတို့ လိုက်တောင်းပေးပါလိူ့...."

ကြားလိုက်ရသည့် စကားကြောင့် ရှောင်းလင်မယားမှာ ဆွံ့အကုန်ရ၏။တယောက်မျက်နှာတယောက်ကြည့်ရင်း

"ဘယ်အိမ်တော်ကလဲ....ဘယ်တူန်းက ကြိုက်နေတာလဲ....မင်းက ဘယ်အရွယ်ရှိသေးလို့ မိန်းမယူချင်နေတာလဲ...."

ရှောင်းသခင်မကြီးရဲ့ တရပ်စပ်မေးခွန်းများကြောင့် seanကမျက်လုံးအပြူးသားနဲ့ ပြန်ကြည့်နေပေမဲ့

"ကြိုက်တာတော့ သိပ်မကြာသေးပါဘူး mommy....ကျနော်တို့က အသက်ပြည့်ပြီးသား အရွယ်ရောက်ပြီးသားလူတွေပါ....အဲ့တော့ mommyတို့က ခွင့်ပြုပေးပါ....."

Seanအစား ရှောင်းကျန့်ကပါ ဝင်ရောက်ဖြေဆိုသည်မို့ ထပ်မံအံ့ဩရပြန်သည်။သူတို့သားနှစ်ယောက်လူံးက မိန်းမယူကြတော့မည်တဲ့လား။

"ဟုတ်ပါတယ်....ကျနော်တို့ကို ခွင့်ပြုပေးပါလို့ တောင်းဆိုပါတယ်...."

တက်ညီလက်ညီနဲ့ကို အဆိုတင်သွင်းလိုက် ထောက်ခံလိုက်လုပ်နေကြသည့် ရှောင်းညီအကိုက သူတို့ကိုယ်သူတို့ လွတ်တော်အမတ်တွေများထင်နေကြသလားမသိ။

"ဟုတ်ပြီ....အသက်ပြည့်ပြီးလို့ ယူချင်တယ်ဆိုထားတော့....ဘယ်မလဲ မင်းတို့အလုပ်အကိုင်....သူများသားသမီးကိုယူပြီးရင် တောင့်တင်းတင့်တယ် ထားနိုင်ရမှာပေါ့....အခုတော့ မင်းတို့က ကိုယ်ပိုင်ဝင်ငွေရှိ‌ဖို့နေနေသာသာ ကျောင်းတောင်ပြီးသေးတာမဟုတ်ဘူးလေ....ဘယ်အိမ်တော်က သူတိူ့သမီးမိန်းကလေးတွေကို အလွယ်သဘောတူမှာလဲ...."

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Where stories live. Discover now